နွားထိုးကြီးမြို့နယ်က စစ်တပ်စခန်း ၃ ခုတပြိုင်နက်တည်းတိုက်ခံရလို့ ၇ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာက စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးချတဲ့အပြင် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက် ၆ နာရီခန့်ကစတင်ကာ ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံ၊ ပြင်စည်ရဲစခန်းနဲ့ ပြင်စည်စာသင်ကျောင်းအထိုင်စခန်းတွေကို ဒရုန်းနဲ့ဗုံးသီး ၁၅ လုံးကြဲချပြီး ၁ နာရီခွဲအကြာ တပြိုင်နက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံအတွင်းက ကာကင်းစခန်းမှာ ပြင်စည်တိုက်နယ်က ရဲနဲ့ မိထ္ထီလာတပ်မ ၉၉ ကစစ်သားအင်အား ၃၀ ခန့်အထိုင်ချထားပြီး ပြင်စည်တိုက်နယ်ရဲစခန်းနဲ့ ပြင်စည် စာသင်ကျောင်း အထိုင်စခန်းမှာ မိတ္ထီလာ တပ်မ ၉၉ က စစ်သား‌အင်အား ၆၀ ကျော်နဲ့ တပ်စွဲအထိုင်ချထားတာလို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရခဲ့ပြီး PDF တွေဘက်က Fixed Wings Drone ၂ စီး ဆုံးရှုံးခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းနဲ့ မြင်းခြံခရိုင်ဒရုန်းအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်စွဲရာနေရာ ၃ ခုကို တိုက်ခိုက်ခံရပြီးနောက် နွားထိုးကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ဒီဇင်ဘာ ၂ ရက်က စတင်ကာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ဒေသခံတွေလည်း ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #စစ်ကောင်စီ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10