သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်ကောင်စီ အထိုင်စခန်းကို တိုက်ခိုက်ရာက နှစ်ဘက်ထိခိုက်မှုရှိတယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
နွားထိုးကြီးမြို့နယ်၊ လျော်ဖြူကန်ရွာမှာ တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတဲ့ စစ်သားတွေကို ဧပြီ ၁၈ ရက် မနက် ၁၁ နာရီကျော်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးနဲ့အထက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရစစ်သားနဲ့အလောင်းတွေကို မြင်းခြံမြို့ဘက်ကိုကားနဲ့ သယ်သွားတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် မြင်းခြံခရိုင်တပ်ရင်း ၄ ရဲဘော်၂ ဦးနဲ့ မြင်းခြံခရိုင်တပ်ရင်း ၃ က ရဲဘော် ၁ ဦးတို့လည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်း Natogyi People Defence Force မြင်းခြံခရိုင် တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်ခိုက်မှုမှာ Natogyi People Defence Force မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၈၊ မြင်းခြံ ပကဖ နဲ့ မလိူင်မြို့နယ် ပကဖ MHLG Wings တို့ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
မြင်းခြံခရိုင်တပ်ရင်း ၄ နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မတ် ၃၁ ရက်ကလည်း နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ကြာကန်ရွာ အနီးမှာ ၄ နာရီကြာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP
#မြေလတ်အသံ
#နွားထိုးကြီး #စစ်တပ် #စခန်း #တိုက်ခိုက် #စစ်သား #သေဆုံး #စစ်ပွဲ
Share Share Share