နွားထိုးကြီးမှာ စစ်ကောင်စီဘက်က ကား ၃ စီးမိုင်းဆွဲခံရပြီး ၁ စီးကို PDF မီးရှို့ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဥ်းကျေးရွာကနေ ဒဏ်ရာရသူတွေသယ်လာတဲ့ ကား ၁ စီးနဲ့ နောက်ထပ်စစ်ကူလာတဲ့ ကား၂စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ရက် နေ့လယ် ၁၁နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေသယ်လာတဲ့ကားကို နဘူးအိုင်နဲ့ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တဲ့ အပြင် နောက်ထပ်စစ်ကူလာတဲ့ ကား ၂ စီးကိုပါ မိုင်းထပ်ဆွဲခဲ့တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

၂ ကြိမ်စလုံးကို နဘူးအိုင်နဲ့ ဝက်လူးလမ်းပိုင်းမှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး ၃ စီးလုံးက 4 Wheels အမျိုးအစား ကားတွေဖြစ်ကာ ၁ စီးကတော့ မောင်းမရဘဲ ထားခဲ့ရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီး ကျန်နေခဲ့တဲ့ ကားတစီးကို နယ်မြေရှင်းလင်းရေးလုပ်ချိန် လမ်းဘေးတနေရာမှာတွေ့လို့ ကားပေါ်ပါတဲ့ Mavic Pro Drone ၁ စီး နဲ့ကျည်အချို့ကို သိမ်းကာ ကားကိုမီးရှို့လိုက်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြေလတ်သတင်း #နွားထိုးကြီး #စစ်ကောင်စီ #မိုင်းဆွဲခံရ #ကားမီးရှို့ #နဂါးနီပြောက်ကျား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10