နွားထိုးကြီးမှာ စစ်ကောင်စီသတင်းပေး လောင်းကစားဒိုင် ၁ ဦး ပစ်သတ်ခံရ

နွားထိုးကြီးမှာ စစ်ကောင်စီသတင်းပေး လောင်းကစားဒိုင် ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျီးကန်ကျေးရွာအနီး နွားထိုးကြီး-မလှိုင်သွားလမ်းဘေးမှာ စစ်ကောင်စီသတင်းပေး လောင်းကစားဒိုင် ၁ ဦးပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီခန့်မှာ တက်စည်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ဖိုးဇော် ဟာ အဖော်တွေနဲ့အတူ မကျီးကန်ကျေးရွာကို ကားနဲ့အသွားမှာ ရှင်းလင်းခံလိုက်ရတာလို့ ဆိုပါတယ်။

"သူတို့သွားတဲ့ကားမှာ သူနဲ့သက်ကြီးပိုင်း လူကြီးတွေပါတယ်။ သူ့ကိုပဲ ခေါ်ချပြီး ရှင်းလိုက်တာ။ ကျန်သူတွေကိုတော့ ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်တယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဖိုးဇော်ဟာ ဦးခေါင်းပွင့်ထွက်၊ ရင်ဘတ်၊ ကျောနဲ့ လက်တွေမှာ သေနတ်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

သေဆုံးသူဟာ နွားထိုးကြီးနယ်တဝိုက်မှာ စစ်ကောင်စီနဲ့ပေါင်းပြီး ဂျင်လောင်းကစားဝိုင်းတွေဖွင့်ကာ လုပ်ကိုင်နေသူဖြစ်တဲ့အပြင် PDF သတင်းတွေကိုလည်း စစ်ကောင်စီကို စုဆောင်းပေးနေသူတဦးလို့ ဆိုပါတယ်။

စက်တင်ဘာ ၆ ရက်ကလည်း  နွားထိုးကြီးမြို့နယ် မင်းတဲကျေးရွာသွားလမ်းဘေး ဇရပ်အနီးမှာ မြင်းခြံမြို့နယ်၊ ပျားကျေးရွာက ရပ်ကျေးစာရေး ဦးသန်းကြိုင်ဆိုသူ ဖမ်းဆီးပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #နွားထိုးကြီး #မကျီးကန်ကျေးရွာ #မလှိုင် #စစ်ကောင်စီ #သတင်းပေး #လောင်းကစားဒိုင် #ဒလန် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10