နွားထိုးကြီးမှာ စစ်တပ်ကား ၁ စီး မိုင်းဆွဲခံရပြီး ၂ ဦးသေ

နွားထိုးကြီးမှာ စစ်တပ်ကား ၁ စီး မိုင်းဆွဲခံရပြီး ၂ ဦးသေ

မန္တလေးတိုင်း၊ မြင်းခြံကနေ နွားထိုးကြီးဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၁ စီးကို ကန်ရွာနဲ့ ကန်နှောင်းရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger(MBT) အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင်လိုက်ပါလာတဲ့ Center ကား ၁ စီးကို ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲကျော်ကျော်မှာ ပဒေသာမိုင်း ၁၃ လုံး ဆွဲခဲ့တာလို့ ဆိုပါတယ်။

“ ၁၃ လုံး မိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာ။ ဒါပေမဲ့ မိုင်း ၃ လုံးက error ဖြစ်ပြီးတော့ မကွဲဘူး။ ၁၀ လုံးကွဲတယ်။ ကားရဲ့ ချက်ကောင်းကို မထိခဲ့ပေမယ့် မိုင်းစတွေက ကားကိုမှန်ခဲ့တယ်။ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဖရဲသီးကနေတဆင့် ကျနော်တို့ပြန်ပြီးတော့ သိရပါတယ်“ လို့ Myingyan Black Tiger(MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger(MBT) နဲ့ MDY-PDF (မန္တလေးခရိုင်ရင်း ၃)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ကားဟာ နွားထိုးကြီးဘက်ကို ဆက်မသွားတော့ဘဲ သာယာကုန်းကျေးရွာနားမှာ ၁၅ မိနစ်ခန့်ကားပြင်ပြီး မြင်းခြံဘက်ကို ပြန်သွားတယ်လို့ သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီကားကို ဖောက်ခွဲခဲ့သည့် လက်လုပ်ပဒေသာမိုင်းများ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြင်းခြံ #နွားထိုးကြီး #မိုင်းဆွဲ #MBT #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10