နွားထိုးကြီးမှာ စစ်အုပ်စုစီးနင်းလာတဲ့ အိမ်စီးကား ၂ စီးကို PDF က မိုင်းဆွဲ

နွားထိုးကြီးမှာ စစ်အုပ်စုစီးနင်းလာတဲ့ အိမ်စီးကား ၂ စီးကို PDF က မိုင်းဆွဲ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ရဲတပ်သားတွေ စီးနင်းလာတဲ့ အိမ်စီးကား ၂ စီးကို အောက်တိုဘာ ၃ ရက် မနက် ၁၀နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT)ကပြောပါတယ်။

အဆိုပါကား ၂ စီးဟာ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့မရဲစခန်းကိုထွက်ခွာလာတာဖြစ်ပြီး ကံရွာနဲ့ ကံနှောင်းရွာအကြားအရောက်မှာ အသင့်ထောင်ထားတဲ့ ၆ လုံးတွဲ ပဒေသာမိုင်း ၁လုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဒုရဲအုပ်က နွားထိုးကြီးမြို့မရဲစခန်းကို ရောက်မှသေတာ။ ဒဏ်ရာရတဲ့သူတွေလည်းအများကြီးပဲလို့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာ။"လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

မိုင်းဆွဲခံလိုက်ရတဲ့ကားတွေပေါ်က စစ်သားနဲ့ ရဲတွေက နွားထိုးကြီးမြို့ကို သွားရာလမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ဒေသခံတွေထိခိုက်မှု ရှိ၊မရှိကို မသိရသေးဘူးလို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Myingyan Black Tiger (MBT) နဲ့ MDY-PDF ခရိုင်တပ်ရင်း ၃တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၇ရက်နေ့ကလည်း နနွင်းတော်ဘိုးကျေးရွာအနီးမှာရှိနေတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #မိုင်းဆွဲတိုက်ခိုက် #စစ်ကောင်စီတပ် #PDF #MBT

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10