နွားထိုးကြီးမှာ စျေးဝယ်ပြန်လာတဲ့ ရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ရှင်းလင်းခံရ

နွားထိုးကြီးမှာ စျေးဝယ်ပြန်လာတဲ့ ရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ရှင်းလင်းခံရ

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာ၊ မြင်းခြံ-ရေဝန်းသွားကားလမ်းဘေးမှာ စျေးဝယ်ပြန်လာတဲ့ ရပ်ကျေးစာရေး အမျိုးသမီး ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ ကျော်မှာ ရွာကြီးကျေးရွာ ရပ်ကျေးစာရေး ဒေါ်စန္ဒာစိန် ၄၅ နှစ်မှာ ကျေးရွာအပိုင်ထဲက ကုန်စုံဆိုင်တဆိုင်မှ စျေးဝယ်ပြီး ကားလမ်းအတိုင်း ဆိုင်ကယ်နဲ့ ပြန်လာစဥ် သေနတ်သမားတွေက နောက်ကလိုက်လာပြီး ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"သူ့အိမ်အတွက် ရွာထဲက ကုန်စုံဆိုင်မှာ စျေးဝယ်ပြီး ပြန်လာတာမှာ ဆိုင်ကယ် ၂ စီးနဲ့ လိုက်ပစ်တာလို့ သိရတယ်။ ရွာကို ကားလမ်းကဖြတ်ထားတော့ ကားလမ်းအတိုင်းလာရင်း ပစ်ခံရတာ။" လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ နဖူး၊ မေးစေ့၊ ပါး၊ ခါး၊ ခြေထောက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရပ်ကျေးစာရေးအမျိုးသမီးအလောင်းကို လမ်းသွားလမ်းလာတွေကတွေ့လို ဒေသလူမှုကူညီရေးအသင်းတွေကို အကြောင်းကြားတာကြောင့် အလောင်းကိုကောက်ယူပြီး နွားထိုးကြီး ဆေးရုံပို့ထားရပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားတဲ့အဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒီဇင်ဘာ ၃၀ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ဖလံကုန်းကျေးရွာမှာ ကြံခိုင်ရေးပါတီဝင် ၁ ဦး နေအိမ်မှာ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #နွားထိုးကြီး #ရွာကြီးကျေးရွာ #မြင်းခြံ #စျေးဝယ် #ရပ်ကျေးစာရေး #အမျိုးသမီး #ပစ်သတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10