နွားထိုးကြီးမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

နွားထိုးကြီးမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး - မြင်းခြံလမ်းပိုင်းတနေရာမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။ 

အောက်တိုဘာ ၂၁ ရက် မနေ့ မနက်က ဒေသခံမဟာမိတ်တပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့နေရာကို အင်အား ၂၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေက လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့(စကစနဲ့ရဲ)တွေက ပြည်ကားတွေနဲ့ လိုက်လာပြီးတော့ ကျနော်တို့ဂိတ်ကိုမရောက်မီ မီတာ ၃၀၀ လောက်မှာဆင်းပြီးတော့ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခတ်တာ” လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှတာဝန်ရှိသူတဦးက ပြောပါတယ်။

မိနစ် ၂၀ ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ် ဆိုတာကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မြင်တွေ့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်တွေဘက်ကနေ နောက်ထပ်စစ်ကူတွေလည်း ရောက်လာတဲ့အတွက် ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ခွာခဲ့ရပြီး ရဲဘော်တဦးကတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ Natogyi People Defence မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ၊ ဗိုလ်စား‌‌ ပြောက်ကျားတပ်ဖွဲ့နဲ့ Myingyan Black Tiger တပ်ဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီအဖွဲ့တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကားလမ်းပိုင်းမှာ ညနေ ၄ နာရီကျော်အထိ စစ်ဆေးတာတွေပြုလုပ်ပြီး နွားထိုးကြီးမြို့ပေါ်ကို ပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ - နွားထိုးကြီး-မြင်းခြံလမ်းပိုင်းအား စစ်ဆေးရေးပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ။

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10