နွားထိုးကြီးမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသားတဦးသေဆုံးပြီး ဦးဇင်းတပါးနဲ့ ပြည်သူ ၄ဦး ဒဏ်ရာရ

နွားထိုးကြီးမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသားတဦးသေဆုံးပြီး ဦးဇင်းတပါးနဲ့ ပြည်သူ ၄ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တစီးက ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အမျိုးသားတဦးသေဆုံးပြီး ဦးဇင်းတပါးနဲ့ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ  ဩဂုတ် ၂၀ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီကျော်မှာ ကွမ်းအုံရွာကို ဗုံး ၂ ကြိမ်လာရောက် ကြဲချခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးဟာ ပထမကြိမ်ထိုးဆင်းလာပြီး ဗုံးကြဲသလို ဒုတိယတကြိမ် ထပ်ပတ်ဝိုက်ကာ နောက်ထပ် ဗုံးတလုံးကြဲချခဲ့တာဖြစ်ပါတယ်။ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ဂျက်ဖိုက်တာပေါ် ကနေ ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားတဲ့ပြည်သူတဦးနဲ့ ဒဏ်ရာရသူတွေကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တခြား တပ်ရင်း၊ တပ်ဖွဲ့တွေက ဆေးဝါးကုသဖို့တွေ စီစဉ်ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လိုလို လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေတူးပြီး ဂရုတစိုက်နေကြဖို့ကို နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #ကွမ်းအုံရွာ #ဘုန်းကြီးကျောင်း #နေအိမ် #စစ်ကောင်စီ #ဂျက်ဖိုက်တာ #လေကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10