နွားထိုးကြီးမှာ အမျိုးသား ၁ ဦး ဖမ်းဆီး အသတ်ခံရ

နွားထိုးကြီးမှာ အမျိုးသား ၁ ဦး ဖမ်းဆီး အသတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းဂွအုပ်စု၊ ထန်းဇင်ကျေးရွာနားမှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်း ၁ လောင်းကို တွေ့ခဲ့ရတယ်လို့ သေခံတွေက ပြောပါတယ်။

 

နွားထိုးကြီးမြို့၊ အမှတ် (၇) ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ဦးစိုင်းဇော် (ခ) ကိုစိုင်းဖြစ်ပြီး ဇူလိုင်လ ၂ ရက် မနက် ၇ နာရီလောက်က ဗိုက်မှာ ဓါးထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

 

"သူ့အိမ်ကနေ လူတစုက လာဖမ်းသွားပြီး သတ်ပစ်လိုက်တာလို့ သိရတယ်။ သူက မြို့ထဲမှာ ဂျပန်ကားလေး ဝပ်ရှော့ဖွင့်ထားတယ်။ အရင်ကတော့ သူက စကစ၊ ဌာနဆိုင်ရာအချို့က လူတွေနဲ့ ကားကိစ္စ အရောင်းအဝယ်လုပ်တာတွေလည်း ရှိတယ်။ ငွေကြေးကိစ္စတွေလည်း ရှိတယ်လို့ သိရတယ်။ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ သေချာမသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

 

သေဆုံးသူဟာ ပျူစောထီးလည်း မဟုတ်သလို PDF တွေကို ထောက်ပံ့၊ ထောက်ခံနေသူ တဦးလည်း မဟုတ်ဘဲ သာမန်ပြည်သူတဦးသာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဦးစိုင်းဇော် (ခ) ကိုစိုင်းဟာ ဇူလိုင်လ ၁ ရက်က သူရဲ့နေအိမ်မှာပဲ ဖမ်းဆီးခံရတာဖြစ်ပြီး၊ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးပြီး ဘာကြောင့် သတ်သွားလဲဆိုတာကို မသိရသေးသလို အလောင်းကိုတော့ ဒေသခံတွေကပဲ ကောက်ယူပြီး နွားထိုးကြီး ပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

 

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်တွေမှာတော့ အဲ့ဒီအမျိုးသားကို PDF အဖွဲ့တွေက နေအိမ်ကနေ ဖမ်းဆီးသွားပြီး လမ်းမှာ ရှင်းလင်းလိုက်တာလို့ ရေသားထားပေမယ့် ဒီသတ်ဖြတ်မှုကို နွားထိုးကြီးနယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့လုပ်ဆောင်တာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။ 

 

ဇွန်လ ၁၇ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ဖောင်းချဥ်(မြောက်)ကျေးရွာ၊ ရွာဝင်လမ်းမှာ  ထန်းဇင်ကျေးရွာသား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါသေးတယ်။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #ထန်းဇင်ကျေးရွာ #အမျိုးသား #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10