နွားထိုးကြီးမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရလို့ သေဆုံး

နွားထိုးကြီးမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရလို့ သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အောင်သာယာကျေးရွာ၊ နွားထိုးကြီး-မလှိုင်သွားကားလမ်းမဘေးမှာ အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ဇူလိုင်လ ၄ ရက် ည ၇ နာရီကျော်ခန့်မှာ ဖလံကုန်းကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမောင်ဌေး ၅၅ နှစ်ဟာ ဆိုင်ကယ်နဲ့ တဦးတည်း အောင်သာယာကျေးရွာကို သွားချိန်မှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

 

"သူက စကစခန့် အုပ်ချုပ်ရေးမှူးဆိုတော့ စကစ ခိုင်းသမျှ အကုန်လိုက်လုပ်တာတော့ရှိတယ်။ အခုက သူ့အကို နာရေးသွားချိန်မှာ ပစ်ခတ်ရှင်းလင်းခံရတာလို့တော့ သိရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

 

သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရလို့ ဦးမောင်ဌေးမှာ ယာနားထင်၊ ဦးခေါင်းနောက်စေ့တို့မှာ သေနတ် ဒဏ်ရာ ၄ ချက်ရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

 

ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီအဖွဲ့တွေ ရောက်ရှိလာပြီး စစ်ဆေးမှုပြုလုပ်ကာ နွားထိုးကြီးဆေးရုံကို ယူဆောင်သွားပြီး ပစ်ခတ်မှုပြုလုပ်ခဲ့သူတွေကို မသိရသေးပါဘူး။

 

ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းမှာ၊ နွားထိုးကြီးမြို့နယ်၊ မကျည်းကန်ကျေးရွာအနီး နွားထိုးကြီး-မလှိုင်သွား ကားလမ်းဘေးမှာ စစ်ကောင်စီက လက်နက်ပေးထားတဲ့ ပျူ ၂ ဦးပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #အုပ်ချုပ်ရေးမှူး #ပစ်ခတ်ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10