နွားထိုးကြီးမှာ ၂ ရက်တာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီ စစ်ကြောင်းတွေကို ဖေဖော်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army-4 Natogyi PDF အဖွဲ့ဆီက သိရပါတယ်။

နွားထိုးကြီးမြို့နယ်အတွင်း ဆူးဖြူကုန်းကျေးရွာ၊ ဖောင်ချဉ်းကျေးရွာအနီးတောစပ်မှာ စစ်သားတွေအပါအဝင် ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကြောင်းကို ၂ ရက်ကြာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာလို့ Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

"၂၁ ရက်န့က ကျနော်တို့ ရဲဘော် ၅ ယောက်ကနေပြီး ရဲနဲ့ ပျူတွေကင်းပတ်တာကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ ညနေ ၄ နာရီဝန်းကျင်လောက်မှာ တိုက်တာ။ ပစ်ခတ်တဲ့အချိန်က ၁၅ မိနစ်လောက်ပဲရှိတယ်။ ရဲ ၁ ကောင်နဲ့ ၃ ယောက်ထိခိုက်ဒဏ်ရာရတယ်။ ၁ ကောင်ကတော့သေတယ်။၂၂ ရက်ကတော့ မြို့သာဘက်ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့  နွားထိုးနယ်ဘက်ကို စစ်ကြောင်းထိုးလာတာ။ ဖောင်ချဉ်းကျေးရွာအနီးတောစပ်မှာ နေ့လယ် ၁ နာရီကစပြီး တိုက်ပွဲချိန် ၂ နာရီဝန်းကျင်လောက်ကြာတယ်။ **တွေဘက်ကို ကျနော်တို့ စနိုက်ပါနဲ့ပစ်တာ မျက်မြင်အရ ၃ ကောင်သေတယ်။ ကျန်တဲ့လက်နက်ကြီး လက်နက်ငယ် ဒရုန်းတွေနဲ့ ပစ်တာက ၇ ကောင်သေပြီးတော့ ၁၀ ကောင်ကျော်လောက်ဒဏ်ရာရတယ်" လို့ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

၂ ရက်တာ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၁၅ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရကာ ကာကွယ်ရေးရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က သေဆုံးနဲ့ ဒဏ်ရာရစစ်သားတွေဟာ မိတ္ထီလာ တပ်မ ၉၉ လက်အောက်ကလို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Myingyan District Army-4 Natogyi PDF ၊ နွားထိုးကြိး မြို့နယ် ပကဖ၊ MDY PDF၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံမြို့နယ် ပကဖ၊ Myingyan District Drone Strike (MDDS) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နွားထိုးကြီး #စစ်အုပ်စုစစ်ကြောင်း #ကြားဖြတ်တိုက်ခိုက်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10