နွားထိုးကြီး PDF ရဲဘော်တွေရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း - Natogyi People Defence Force ရဲဘော်တွေရဲ့ အခြေခံစစ်ပညာသင်တန်းနဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

မေ ၃ ရက်မှာစတင်ခဲ့တဲ့ ၃ လတာသင်တန်းကို ရဲဘော် ၂၀၀ တက်ရောက်ခဲ့ပြီး သြဂုတ် ၃ ရက်မှာ သင်တန်းဆင်းပွဲလုပ်ခဲ့တာလို့ ဆိုပါတယ်။ 

“ထူးချွန်ဆုပေးတာတော့ မရှိဘူး။ သင်တန်းဆင်းပွဲ လုပ်ပေးတာပဲရှိပါတယ်။ မြင်းခြံခရိုင်အတွင်းမှာ ပထမဦးဆုံး သင်တန်းဆင်းပွဲလုပ်တာ” လို့ Natogyi People Defence Force တပ်ရင်းတာဝန်ခံက ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ ရဲဘော်၊ ရဲမေ အင်အား ၃၀၀ ကျော်တက်ရောက်ခဲ့ကြပြီး Natogyi People Defence Force တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေက NUG ကပေးပို့တဲ့ သဝဏ်လွှာကိုဖတ်ကြားပြီး မိန့်ခွန်းစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

Natogyi People Defence Force နဲ့ ပူးပေါင်းတပ်တွေဟာ မြင်းခြံခရိုင်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့အခုဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၂ ကြိမ် ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #နွားထိုးကြီးPDF #စစ်သင်တန်းဆင်းပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10