နွေဦးအောင်လံဥဒေါင်းမာန် တော်လှန်ဂျာနယ်ကို မြေလတ်ဒေသမှာ စတင်ထုတ်ဝေ

နွေဦးအောင်လံဥဒေါင်းမာန် တော်လှန်ဂျာနယ်ကို မြေလတ်ဒေသမှာ စတင်ထုတ်ဝေ

မြေလတ်ဒေသဖြစ်တဲ့ ပခုက္ကူမြို့နယ်နဲ့ မြိုင်နယ်က ကဗျာဆရာ၊ ပန်းချီဆရာတွေ စုပေါင်းပြီး နွေဦးအောင်လံဥဒေါင်းမာန် တော်လှန်ရေးဂျာနယ်ကို စတင်ထုတ်ဝေဖြန့်ချီပြီလို့ သိရပါတယ်။

အဲဒီ တော်လှန်ဂျာနယ် ကို စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်မြောက်တဲ့ ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

"အနုပညာ၊ တော်လှန်အသိဉာဏ်၊ ပညာ လူထုရဲ့ တော်လှန်ရေး ချစ်စိတ်တွေကို ရည်မျော်ဖော်ကြူးဖို့ ဒီဂျာနယ်ကို ထုတ်ဝေတာပါ။ မြေလတ်ဒေသက ပုန်ကန်သော ကဗျာပန်းချီသမားတွေ စုထားတာ ဖြစ်ပါတယ်" လို့ အနုပညာရှင်များကိုယ်စား ကဗျာဆရာလွန်းအိမ်သစ်က မြေလတ်အသံကို ပြောပါတယ်။

ဂျာနယ်မှာ မြေပြင်သပိတ်တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ မီးအရှို့ခံကျေးရွာများ ဆုံးရှုံးခဲ့ရမှု သတင်းမှတ်တမ်းဓါတ်ပုံများ၊ ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းများ၊ လူမှုကူညီရေးလုပ်ငန်း မှတ်တမ်းများ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျာနယ်ကိုတော့ လျှပ်စစ်မီးအခက်ခဲ၊ အင်တာနက်အခက်ခဲများကြောင့် တလလျှင် ၂ ကြိမ်သာ ထုတ်ဝေနိုင်မယ်လို့ ဆိုပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10