၂ နှစ်ကြာတဲ့အထိ အော်တိုသေနတ်မကိုင်နိုင်သေးတဲ့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ (ရုပ်/သံ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ နည်စည်းမခြားရွှေဘိုသားအဖွဲ့ဟာ တော်လှန်ချိန် ၂ နှစ်ကျော်ကြာလာပေမယ့် အော်တိုသေနတ်အစစ်တွေကို မကိုင်ဖူးသေးဘူးလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ၇ လပိုင်းကစတင်ကာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲမှာ စစ်အာဏာရှင်ကိုတော်လှန်ရာမှာ နယ်စည်းမခြားရွှေဘိုသားအဖွဲ့တခုလည်း ပါဝင်ပါတယ်။

စစ်ကောင်စီအဖွဲ့တွေကို တော်လှန်ဖို့ လူ ၁၀ ဦးလောက်နဲ့စတင်ကာ ရရာလက်နက်စွဲကိုင်ပြီးတိုက်ပွဲဝင်ခဲ့ပေမယ့် သေနတ်အစစ်တွေမကိုင်နိုင်လို့ စစ်ကောင်စီတပ်ရင်းနဲ့စခန်းတွေကို သိမ်းနိုင်တဲ့အခြေနေထိမရှိသေးဘဲ အဝေးကနေသာ စမ်းသပ်တီထွင်ထုတ်လုပ်ထားတဲ့ လက်လုပ်စိန်ပြောင်း၊ လက်နက်ကြီး၊ မိုင်းတွေနဲ့သာ တိုက်ခိုက်နေရတယ်လို့ ဆိုပါတယ်။

ပြည်သူအချို့ရဲ ထောက်ပံမှု၊ အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်ငွေကြေးတွေ ထည့်ဝင်ပြီး အဖွဲ့ဝင်တွေ စားသောက်နေထိုင်ရေး၊ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အခက်ပေါင်းများစွာကြားကနေ ရအောင်ရပ်တည်ပြီး စစ်အာရှင်စနစ်ကို တော်လှန်နေခဲ့တာပါ။

ဒါကြောင့်မို့ "မြို့သိမ်းတိုက်ပွဲဆင်နွဲဖို့ ကျပ်သိန်း ၅၀၀ ကမ်ပိန်းမှာပါဝင်ပြီး သေနတ်တလက် ၊ ကျည်အတောင့် ၅၀၀ ပါဝင်အားဖြည့်ကြပါစို့" ဆို့ ကမ်ပိန်းတခုကို ပြုလုပ်လျှက်ရှိကာ အချိန်ကာလအားဖြင့် နိုင်ဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တလတာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

လာမည့်ကာလတွေမှာတော့ မြို့သိမ်းတိုက်ပွဲတွေကို အခြားတော်လှန်ရေးမိတ်ဖက်အဖွဲ့တွေနဲ့အတူတိုက်ခိုက်ချိန်မှာ သေနတ်အစစ်တွေကို ကိုင်ဆောင်ပြီး တိုက်ပွဲဝင်ချင်ကြတယ်လို့ တာဝန်ခံက ဆိုပါတယ်။

နယ်စည်းမခြားရွှေဘိုသားအဖွဲ့ဟာ တော်လှန်ရေးမိတ်ဖက်အဖွဲ့တွေနဲ့အတူ မိုင်းမစ်ရှင်၊ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ပါဝင်တိုက်ခိုက်ထားပြီး စစ်ကောင်စီတပ်သား ၅၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #နယ်စည်းမခြားရွှေဘိုသားအဖွဲ့ #တိုက်ပွဲ #လက်လုပ်သေနတ် #ထောက်ပံ့ရေး #မဟာမိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10