နှစ်လနီးပါးအကြာ စစ်ရှောင်နေရတဲ့ ဒေသခံတွေကို စားနပ်ရိက္ခာထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျေးရွာတွေက နှစ်လနီးပါးကြာအောင် စစ်ရှောင်နေရတဲ့ပြည်သူတွေကို စားနပ်ရိက္ခာလှူဒါန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်၊ လွတ်လပ်သောထောက်ပို့အဖွဲ့ဆီက သိရပါတယ်။ 

အောက်တိုဘာ ၂၃ ရက် မနေ့က ထန်းကြီးကျေးရွာ၊ ကျောင်းဖြူကျေးရွာ၊ ပဲ့သူကြီးကျေးရွာက ပြည်သူ ၁၅၀ ကျော်ကို ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာလို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့အဖွဲ့က ကိုနေမင်းခန့် က ပြောပါတယ်။

စစ်ရှောင်တွေမှာ မြွေဆိပ်ဖြေဆေးနဲ့ တခြားသောဆေးဝါး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာတွေဟာ စစ်ကိုင်း-ရွှေဘိုမီးရထားလမ်းဘေးက ကျေးရွာတွေဖြစ်ပြီး စစ်တပ်က ရထားလမ်းပြင်ဖို့လာရောက်နေတာကြောင့် စက်တင်ဘာလ ပထမအပတ်ထဲက ရှောင်တိမ်းနေရပြီး ကျေးရွာတွေပါ မီးရှို့ခံထားရတယ်လို့သိရပါတယ်။

ကျေးရွာအနီးမှာ လက်ရှိအချိန်ထိစစ်ကြောင်းတွေ ရှိနေသေးတာကြောင့် တခြားသောအလှူရှင်တွေလည်း လာရောက်ရန်ခက်ခဲပြီး ဒေသခံတွေကအခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ နန်းတက်မင်းတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ရထားလမ်းလာပြင်တဲ့စစ်အုပ်စုက မကြာခဏစစ်ကြောင်းထိုးတာကြောင့် စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အထိရှိနေတယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ရွှေဘိုမီးရထားလမ်း #စစ်ကောင်စီမီးရှို့ #ဒေသခံစစ်ရှောင် #စားနပ်ရိက္ခာလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10