နှမ်းအငှားရိတ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့ တောင်သူတွေကို PDF များက ကူရိတ်ပေးခဲ့

နှမ်းအငှားရိတ်ဖို့ ပိုက်ဆံမတတ်နိုင်တဲ့ တောင်သူတွေကို PDF များက ကူရိတ်ပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက တောင်သူတွေရဲ့ နှမ်းစိုက်ခင်းတွေဟာ ရိတ်သိမ်းဖို့လိုနေတဲ့အပြင် လူအငှားနဲ့ ရိတ်ဖို့ကိုလည်း ငွေကြေးအခက်အခဲတွေရှိနေတာကြောင့် PDF ရဲဘော်တွေက ကာယခွန်အားနဲ့ ကူညီပြီးရိတ်သိမ်းပေးခဲ့ကြတယ်လို့ People's Defense Force-Gangaw Battalion ရဲ့ ဒုတပ်ရင်းမှူးဆီက သိရပါတယ်။

လက်ရှိကာလမှာ နှမ်းစိုက်ခင်းမှာ နှမ်းတွေကွဲနေကြပြီဖြစ်သလို ရိတ်သိမ်းဖို့လည်း လိုအပ်နေပြီး အလုပ်သမားငှားဖို့ မတတ်နိုင်တဲ့ တောင်သူတွေအပြင် တောနဲ့ ဝေးတဲ့ စိုက်ခင်းရှင်တွေကိုပါ ကူရိတ်သိမ်းပေးဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဒေသ တပ်မဟာ ၇ တပ်ရင်း ၇၀၁ Gangaw Battalion PDF ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်သားဇင်က ‌မြေလတ်အသံကို ပြောပါတယ်။ 

" တောင်သူတွေမှာ စိုက်ပျိုးရတာမှာ အဆင်ပြေတဲ့နေရာပြေတယ်၊ တချို့ပျူစောထီးရွာတွေနဲ့နီးတဲ့နေရာမှာဆိုစိုက်ပျိုးလို့မရဘူး၊ အခုလိုကူညီရိတ်သိမ်းပေးတာကို သူတို့အနေနဲ့တော့ဝမ်းသာတယ်ပေါ့၊ အခုအချိန်မှာငှားရန်းဖို့လည်းပိုက်ဆံမရှိကြဘူး၊ ငှားဖို့တတ်နိုင်တယ်ဆိုတောင်မှရိတ်သိမ်းဖို့အတွက်လူတွေခေါ်လို့မရနိုင်တဲ့အနေအထားပါ၊ကျနော်တို့ကလည်းတတ်နိုင်တဲ့ဘက်ကနေပြီးတော့မှ ကာယအားနဲ့တတ်နိုင်သလောက်ဝိုင်ပြီးတော့ကူညီပေးကြတာပါ" လို့ ပြောပါတယ်။

PDF တွေအနေနဲ့ လက်ရှိကာလမှာ စစ်ကြောင်းထိုးတာ‌တွေ မရှိတဲ့ နယ်မြေ‌တွေမှာ ပြည်သူတွေကို ကူညီနေတာဖြစ်ပြီး စစ်ကြောင်းထိုးခံရတဲ့ ဒေသတွေမှာတော့ မိုင်းနဲ့ ပြန်ခုခံကာကွယ်တာမျိုးတွေလုပ်နေသလို ပစ်ခတ်ရတဲ့ အနေအထားတွေမှာလည်း ပစ်ခတ်ကာကွယ်ပေးနေတယ်လို့ ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10