ပကဖ စစ်သင်တန်းဆင်းပွဲမှာ သံချပ်နဲ့ဖျော်ဖြေခဲ့တဲ့ ရဲဘော်တွေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို မေ ၁၄ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မတ္တရာပကဖဆီကို ဆက်သွယ်ဝင်ရောက်လာသူ လူငယ်များစွာရှိပြီး လုံခြုံရေးနဲ့ မြေနေရာအခက်အခဲကြောင့် အဲဲဒီအထဲက ၄၀ ခန့်ကိုသာ ပထမအသုတ်အဖြစ် စစ်သင်တန်းပေးခဲ့တာလို့ မတ္တရာပကဖ တာ၀န်ရှိသူတဦးက ပြောပါတယ်။

အခြေခံစစ်သင်တန်း ကို ဧပြီ ၁၃ ရက်က စတင်ပြီး မေ ၁၄ ရက်မှာသင်တန်းဆင်းခဲ့ကာ ၁ လတာစစ်သင်တန်းပေးခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီသင်တန်းဆင်းပွဲကိုတော့ တောတွင်းတနေရာမှာကျင်းပခဲ့ပြီး သင်တန်းဆင်း ရဲဘော်တွေရဲ့ဆန္ဒအရ သံချပ်သီဆိုတာတွေ ပြုလုပ်စေခဲ့တယ်လို့လည်း မတ္တရာပကဖရဲ့ တာ၀န်ရှိသူက​ပြောပါတယ်။

လက်ရှိမှာတော့ ရဲဘော်အသစ်တွေများပြားလာပြီး စစ်မှုထမ်းဥပဒေကြောင့် တပ်ဖွဲ့ထံ ခိုလှုံလာသူတွေနဲ့ စစ်ရှောင်တွေလည်းများစွာရှိတာကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအခက်အခဲဖြစ်နေတယ်လို့လည်းသူက ဆက်ပြောပါတယ်။

မတ္တရာပကဖအနေနဲ့ မန္တလေးနဲ့အနီးဆုံးမှာရှိနေပြီး စစ်ဆင်ရေးတွေကို လျှို့ဝှက်စွာဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိ ပြည်သူ့ဘက်ကရပ်တည်ကာ ဆက်လက်တော်လှန်သွားမယ်လို့လည်း ဆိုပါတယ်။

တည်းဖြတ် - HP၊ စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မတ္တရာ #ပြင်ဦးလွင်ခရိုင် #စစ်သင်တန်း #သံချပ် #ဖျော်ဖြေ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10