ပခုက္ကူက စစ်ဆေးရေးဂိတ်ကို PDFတွေဝင်ပစ်လို့ စစ်သား ၁ ဦးသေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နယ်၊ စက်မှုဇုန် ၆ လမ်း၊ စစ်‌ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့  စစ်သားတွေကို Yesagyo Revolution Group YRG အဖွဲ့က ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီအင်အား ၁၇ ယောက်ဝန်းကျင်လောက်နဲ့ ပခုက္ကူမြို့နယ်၊ စက်မှုဇုန် ၆ လမ်းထိပ် စစ်ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ YRG တာဝန်ခံ ကိုပါးသိုင်းက ပြောပါတယ်။

"နေ့လယ် ၁၁ နာရီ‌လောက်မှာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာရှိတဲ့ ပခုက္ကူတပ်မ ၁၀၁ က စစ်သားတွေနဲ့ ၇ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ထိပ်တိုက်ဖြစ်တယ်။ မီတာ ၁၅၀ လောက်အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ" လို့ ကိုပါးသိုင်းက ပြောပါတယ်။

အချိန် ၇ မိနစ်ဝန်းကျင်သာ ပစ်ခတ်ခဲ့ပြီး စစ်သား ၁၇ ယောက်ထဲမှာ ၁ ယောက်ပုံကျသွားပြီး သေသွားတယ်လို့ ပြောပါတယ်။

အဲ့ဒီနေ့ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းတွေ ပခုက္ကူမြို့နယ်အနှံ့မှာ လှုပ်ရှားမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Yesagyo Revolution Group YRG နဲ့ Local တပ်ပေါင်းစု Army အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြေလတ်သတင်း #ပခုက္ကူ #စစ်ဆေးရေးဂိတ် #ပစ်ခတ် #စစ်သား #သေဆုံး #YRG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10