သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ တင်းဂတ်စစ်ဆေးရေးဂိတ်မှာ အထိုင်ချနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၇ ရက် မနက်ပိုင်း ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က ပြောပါတယ်။
တင်းဂတ် စစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၉ က စစ်သားတွေအပြင် ရဲနဲ့ ပျူစောထီးအင်အား ၂၀ ကျော် အထိုင်ချနေတာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီး ၁၆ လုံးကြဲချခဲ့ရာ ၂ ဦးသေသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
အဲ့ဒီစစ်ဆေးရေးဂိတ်က စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဟာ ဖြတ်သွားဖြတ်လာလုပ်တဲ့ ကား၊ ဆိုင်ကယ်၊ သုံးဘီးတွေကို ငွေတောင်းနေတဲ့ဂိတ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗုံးကြဲချတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပေါက် ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ့ ၊ PKU Thurain၊ Black Cobra Force၊ ကမ္မတပ်ပါင်းစု၊ DMG ဓားမင်းကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပခုက္ကူ #တင်းဂတ်စစ်ဆေးရေးဂိတ် #စစ်သား #ဒရုန်း #တိုက်ခိုက်
Share Share Share