ပခုက္ကူက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂ ဦးကို PDFက သတိပေးပြီးနောက် နုတ်ထွက်

ပခုက္ကူက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၂ ဦးကို PDFက သတိပေးပြီးနောက် နုတ်ထွက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကို PDFက သတိပေးပြီးနောက် စက်တင်ဘာ  ၂၂ ရက်မှာ စာတင်ပြီး နုတ်ထွက်ခဲ့ကြတယ်လို့ COBRA ONE က ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက် ည ၉နာရီမှာ ပခုက္ကူအခြေစိုက် ကျေးလက်ကာကွယ်ရေးတပ်ဖွဲ့- COBRA ONE က ဖုန်းကနေတဆင့် အထက်ပါ အုပ်ချုပ်ရေးမှူး ၂ ဦးကို နောက်ဆုံးအကြိမ်သတိပေးခဲ့ပြီးနောက် အခုလို နုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

"ပခုက္ကူနယ်မှာ ရပ်/ကျေးအုပ်ကြီးတွေ နုတ်ထွက်တာက ဒါပထမဆုံးလို့ ပြောလို့ရတယ်။ စစ်အာဏာ သိမ်းပြီးချိန်ကစလို့ အခုအချိန်ထိပေါ့။ နုတ်ထွက်တာ ဒီ ၂ ယောက်ပဲရှိသေးတယ်။" လို့ COBRA ONEတာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

နုတ်ထွက်သူ ၂ ဦးမှာ လယ်ယာကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမိုးဝင်းနဲ့ ကံလှကျေးရွာက အုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းတို့ဖြစ်ကြပြီး သူတို့ဟာ PDF နဲ့ပတ်သက်တဲ့ သတင်းတွေ စုံစမ်းပြီး စစ်ကောင်စီတပ်ကို သတင်းပေးနေတာကြောင့် အခုလိုနုတ်ထွက်ဖို့သတိပေးခဲ့ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

အဲ့ဒီအုပ်ချုပ်ရေးမှူး ၂ ဦးမှာ အခုလိုနုတ်ထွက်စာတင်ခဲ့ပြီးနောက် ဦးမိုးဝင်းဟာ စက်တင်ဘာ ၂၃ ရက် ဒီကနေ့ မနက်မှာ မိသားစုလိုက် ကျေးရွာကနေ သုံးဘီးနဲ့ထွက်ပြေးသွားခဲ့ပေမယ့် ဘယ်နေရာကိုပြေးလည်းဆိုတာတော့ မသိရှိရဘူးလို့ သူကဆက်ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်နဲ့ပတ်သက်နေတဲ့ နောက်ထပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း COBRA ONEအနေနဲ့ အခုလိုမျိုး နုတ်ထွက်ပေးဖို့ကို ဆက်လက်သတိပေးသွားဖို့ရှိ တယ်လို့သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #စစ်ကောင်စီ #ကျေးရွာအုပ်ချုပ်ရေးမှူး #PDF #COBRA ONE #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10