ပခုက္ကူက Local PDF စခန်း ၁ ခုစီးနင်းခံရပြီး ရဲဘော် ၅ ဦးသေဆုံး

ပခုက္ကူက Local PDF စခန်း ၁ ခုစီးနင်းခံရပြီး ရဲဘော် ၅ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျောက်ဖူးကျေးရွာအနီးက Local PDF စခန်း ၁ ခုစီးနင်းခံရပြီး ရဲဘော် ၅ ဦးသေဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ဒီနေ့ မနက် ၅  နာရီခန့်မှာ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တာတေ LPDF စခန်းတခုကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

"ကိုင်းကျေးရွာဘက်ကို ရောက်လာတဲ့ စစ်ကြောင်းကနေ ဒီမနက် LPDF စခန်းကို ဝင်စီးမိသွားတာ။ လက်ရှိအခြေနေကတော့ ရှုပ်နေသေးတယ်။ စစ်ကြောင်းကလည်း ရှိနေသေးတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စခန်းစီးနင်းခံရမှုကြောင့် တာတေ LPDF အဖွဲ့က  အသက် ၂၀ ကျော်အရွယ် ရဲဘော် ၅ ဦးသေဆုံးသွားပြီး ရဲဘော်တွေကိုင်ဆောင်တဲ့ လက်နက်အချို့ဆုံး ရှုံးသွားပေမယ့် အရေအတွက်ကို စိစစ်နေဆဲဖြစ်ကာ စခန်းလည်းဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်း ဝင်ရောက်နေလို့ ကျောက်ဖူး၊ ထန်းပင်ချောင်း၊ ရွာသာအေးကျေးရွာတွေက ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေးနေရပြီး ဒီနေ့မနက် ၁၂ နာရီကျော်မှာတော့ အဲ့ဒီစစ်ကြောင်းဟာ ကျောက်ဖူးရွာကနေ ရေစကြိုဘက်ကို ထွက်ခွာဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီနေ့မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်အတွင်း PDF စခန်းတခုကို စီးနင်းထားကာ  ရဲဘော်အလောင်းတွေနဲ့ လက်နက် ၄ လက် သိမ်းဆည်းမိတယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဩဂုတ် ၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ဗျင်းရွာရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်းစီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စခန်းစီးနင်းခံရမှုတွင် သိမ်းဆည်းခံလိုက်ရသည့် LPDF ရဲဘော်များ၏ လက်နက်ငယ်တချို့( တယ်လီဂရမ်)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပခုက္ကူ #LPDF #စခန်း #စီးနင်းခံရ #PDF #သေဆုံးမှု #လက်နက် #ဆုံးရှုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10