ပခုက္ကူခရိုင်တပ်ရင်း ၁၅ ကျားသစ်နက်တပ်မတော်က ဝါဆိုသင်္ကန်းကပ်လှူ

ပခုက္ကူခရိုင်တပ်ရင်း ၁၅ ကျားသစ်နက်တပ်မတော်က ဝါဆိုသင်္ကန်းကပ်လှူ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေပြုလှုပ်ရှားနေတဲ့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း ကျားသစ်နက်တပ်မတော်၊ တပ်ခွဲ ၁ က ဩဂုတ် ၁၈ ရက် မနေ့မနက် ၈ နာရီခွဲခန့်မှာ ဝါဆိုသင်္ကန်း ကပ်လှူခဲ့တယ်လို့ သိရပါတယ်။

ကျားသစ်နက်တပ်ခွဲ ၁ အခြေပြုရာစခန်းကို သံဃာ ၄ ပါးပင့်ဆောင်ကာ ရဲဘော်အင်အား ၂၅ ဦးခန့်နဲ့ ကျေးရွာပြည်သူတွေစုပေါင်းကာ ဝါဆိုသင်္ကန်းကပ်လှူပွဲကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး တဆက်တည်းမှာပဲ အန္တရာယ်ကင်းပရိတ်တရားလည်း နာယူခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တပ်ဖွဲ့ဝင် ရဲဘော် ခလေး က ပြောပါတယ်။

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပခုက္ကူခရိုင်အမှတ်၁၅တပ်ရင်း #ဝါဆိုသက္ကန်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10