ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးဟု ဆို

ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးဟု ဆို

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဗျင်းရွာရှိ ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးသွားတယ်လို့  အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ဩဂုတ်လ ၃ ရက် မနေ့မနက် ၆ နာရီကျော်မှာ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကျပ်ထိုးရဲစခန်းဘက်ကနေ ဗျင်းရွာဘက်ကိုရောက်လာပြီး စခန်းကိုဝင်စီးသွားတာလို့ ဆိုပါတယ်။

"စကစ တပ်က ဖလံအိုရွာကို မီးရှို့ပြီး ကျပ်ထိုး(ရွာ)ကိုလာတယ်။ အဲ့ကနေမှတဆင့် ကျနော်တို့ဘက်ကို ရောက်လာတာ။ သူတို့လာတာသိလို့် စစ်ကြောင်းလာနိုင်တဲ့ လမ်းမှာကင်းသွားထောက်ကြတာ။ စကစ စစ်ကြောင်းပျောက်နေတာကို မသင်္ကာဖြစ်ပြီး စခန်းဆီပြန်စစ်တဲ့အချိန်မှာ အဲ့လိုဖြစ်သွားတာ"လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ မှ ဗိုလ်ခရေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စခန်းဝင်စီးချိန်မှာ ပစ်ခတ်ဝင်စီးခဲ့ပေမယ့် စခန်းမှာကျန်နေခဲ့တဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ထွက်လာနိုင်ခဲ့တယ်လို့် ဆိုပါတယ်။

စခန်းစီးနင်းခံရလို့ ဆိုင်ကယ် ၁၃ စီး၊ စားနပ်ရိက္ခာ၊ လက်လုပ်သေနတ် ၃ လက်၊ ခဲယမ်းအချို့နဲ့ မိုင်းတွေ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီအဖွဲ့ဟာ ဆိုင်ကယ်တွေနဲ့ တဲတွေကို မီးရှို့သွားပြီး ရွာကပြန်ထွက်ချိန် ဒေသခံအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၅ ဦးကို ပစ္စည်းတွေသယ်ဖို့ ဖမ်းသွားပြီးနောက် မနေ့ညနေပိုင်းမှာ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၂ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပစ်ခတ်ရာ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #PDFစခန်းစီး #သတင်း #ပစ္စည်းဆုံးရှုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10