ပခုက္ကူခရိုင်ထဲက တပ်ဖွဲ့၃ခုကို စုဖွဲ့ပြီး ရဲဘော် ၁၈၂ဦးပါတဲ့ မွန်းမံသင်တန်းဆင်းပွဲ(ရုပ်/သံ)

ပခုက္ကူခရိုင်ထဲက တပ်ဖွဲ့၃ခုကို စုဖွဲ့ပြီး ရဲဘော် ၁၈၂ဦးပါတဲ့ မွန်းမံသင်တန်းဆင်းပွဲ(ရုပ်/သံ)

မကွေးတိုင်း၊  မြိုင်မြို့နယ် တနေရာမှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြုလုပ်တဲ့ အပတ်စဉ် ၃ မွန်းမံ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၇ ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသင်တန်းကို  မေလပထမပတ်ထဲမှာ စတင်ခဲ့ကာ၂လခွဲကြာသင်တန်းပေးခဲ့ပြီး ပခုက္ကူ၊ ပေါက်၊ မြိုင်မြို့နယ်တွေမှာရှိတဲ့တပ်ဖွဲ့တပ်ဖွဲ့တွေထဲက ၃ဖွဲ့ရဲ့ ရဲဘော် ၁၈၂ ဦးက ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းမှာ စိတ်ဓါတ်၊ စည်းကမ်း၊ အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ တည်ဆောက်ရေးတွေကိုဦးစားပေးသင်ကြားခဲ့တာဖြစ်ပြီး  စုဖွဲ့ မှုနဲ့ လက်နက်တပ်ဆင်မှုတွေပြီးပါက မြိုင်မြို့နယ်အတွင်းစစ်ဆင်ရေးတွေဖော်ဆောင်သွားမယ်လို့  မြိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

သင်တန်းဆင်းပွဲကိုတော့ မြိုင်ပကဖ တာဝန်ခံ၊ ပေါက်အုပ်ချုပ်ရေး၊ ကာကွယ်ရေးတာဝန်ခံနဲ့ကမ္မတပ်ပေါင်းစုကတာဝန်ခံ၊ ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်းက မဟာမိတ်တပ်ဖွဲ့တွေတက်ရောက်ခဲ့ပြီး တာဝန်ရှိသူတွေက မိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းသားရဲဘော်တွေက စစ်ကြောင်းပုံစံနဲ့ ခေါင်းဆောင်အသီးသီးကို ချီတက်အလေးပြုခြင်း၊ အမှာစကားများပြောကြားခြင်း၊ အလံကိုင်သစ္စာဆိုခြင်း၊ သွေးသစ္စာသီချင်းသီဆိုခြင်းတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အပတ်စဉ် ၃ မွန်းမံ သင်တန်းဆင်းရဲဘော် ၁၈၂ဦးကို ဖုန်းဘေ ၂ သောင်းစီချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

တည်းဖြတ်-HP

#မြေလတ်အသံ #မြိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10