ပခုက္ကူခရိုင်ထဲက ရဲဘော် ၁၀၀ ကျော်ကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး(ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲမှာရှိတဲ့ UG ၊ Local ၊ ပကဖ ရဲဘော် ၁၀၀ ကျော်ကို မေလ ၂၉ ရက်မှာ လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

လက်နက်တပ်ဆင်ပွဲကိုတော့ မြိုင်မြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီရဲဘော် ၁၀၀ ကျော်ဟာ အပတ်စဉ် ၂ စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းတွေ ဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်နက်တွေအနေနဲ့ကတော့ ခြေမှုန်းရေးရိုင်ဖယ် ၊ စက်ကလေး၊ RPG တွေတပ်ဆင်ပေးခဲ့တယ်လို့ သူကဆက်လက် ပြောပါတယ်။

သင်တန်းမှာ အမိန့်နာခံမှု၊ စစ်သည်တော်ကျင့်ဝတ်၊ စည်းလုံးရေး၊ စစ်ရေးနဲ့ နိုင်ငံရေးအသိတွေ သင်ကြားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က မြိုင်မြို့နယ်တနေရာ မှာ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်တပ်ဆင်ပွဲကိုတော့ ပခုက္ကူခရိုင်အတွင်းက ဒေသခံ ပကဖ၊ ပအဖ၊ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ နာယကတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10