ပခုက္ကူ တပ်မ ၁၀၁ က စစ်သားနဲ့ပျူစောထီးတွေ လက်နက်ကြီး ပစ်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံရွာကနေ ထွက်လာတဲ့ ပျူနဲ့ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ စစ်သား အင်အား ၁၅၀ ပါစစ်ကြောင်းကို မြိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှာ ရပ်နားနေတဲ့အချိန် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Pakokku Underground Force အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီကနေ ၁ နာရီ‌ကျော်အထိ တကြိမ်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၁၅ ရက် ညနေ ၃ နာရီကျော်ကလည်း  ၆၀ မမ၊ ၇၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ၊ ရှော့တိုက်ဒုံး၊ စိန်ပြောင်းမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရွာတန်းရှည်ကျေးရွာမှာ ရပ်နားနေတာက တပ်မ ၁၀၁ လက်အောက်ခံ စစ်သားနဲ့ပျူစောထီး ၁၅၀ ဦးလောက်ရှိတယ်၊ ကျနော်တို့ပစ်ခတ်ခဲ့တာမှာ သေဆုံးတာတော့ မရှိဘူး၊ ဒဏ်ရာရတာက ၅ ယောက်ရှိတယ်" လို့ Pakokku Underground Force တာဝန်ခံက ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Pakokku Underground Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖ တပ်ခွဲ ၂ Yooung Force Ug၊Pakokku Rangers၊ Southern Yso၊ ကျားသစ်နက်၊ black Chetta ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ ၁ နှင့် အတူ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#မကွေး #မြိုင် #တပ်မ၁၀၁ #တိုက်ခိုက်ခံရ #စစ်သား #ပျူစောထီး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10