ပခုက္ကူ တပ်မ ၁၀၁ စစ်ကြောင်း မိုင်း ၄ ကြိမ်ဆွဲခံရပြီး စစ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တရက်ထဲမှာပဲ မိုင်း ၄ ကြိမ် ဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီကသိရပါတယ်။

ပခုက္ကူမြို့နယ်အတွင်း တပ်မ ၁၀၁ ကထွက်လာတဲ့ စစ်သားအင်အား ၁၀၀ နီးပါးရှိတဲ့ ခြေလျင်စစ်ကြောင်းကို မတ် ၅ ရက်တရက်ထဲ မိုင်း ၄ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပခုက္ကူမြို့နယ်အတွင်း ကမ္မမြိုနဲ့တွင်းမရွာကြားမှာ ၃ ကြိမ်နဲ့ ကန်တော်ရွာအနီးမှာ ၁ ကြိမ်မိုင်းဆွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာ ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ တပ်ရင်း၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ တပ်ခွဲ၄ (စက်ြာ) ၊ ဝံပုလေပြောက်ကျားတပ်ဖွဲ့၊ Myaing UAVတပ်ဖွဲ့ များနဲ့  ယူနီယံဘရားသားတပ်ဖွဲ့၊  Earthquake PDFတပ်ဖွဲ့ ၊  ခရိုင်တပ်ရင်း ၂၊ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ဝင်တွေဖြစ်တဲ့ KMDF၊ PDF Kamma၊ Black Cobraတပ်ဖွဲ့ ၊  ဧရာအနောက်တပ်ဖွဲ့၊ ပခုက္ကူ ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ Young Force တပ်ဖွဲ့၊ Black Cheetah တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် #တပ်မ၁၀၁ #စစ်ကောင်စီစစ်ကြောင်း #မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10