သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့တယ်လို့ မြို့ပကဖက ဒီဇင်ဘာ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အောင်သာရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားတဲ့ အင်အား ၁၁ ဦးပါ ပျူစောထီးကားကို ဒီဇင်ဘာ ၇ ရက် မနက် ၉ နာရီ ဝန်းကျင်အချိန် ပခုက္ကူ-မြစ်ခြေလမ်းခွဲအရှေ့ဘက် ကောင်းစက်ဝိုင်ဆီဆိုင်အနီး မြိုင်ပကဖအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အောင်သာရွာမှ ပျူစောထီး ဒုခေါင်းဆာင် နိုင်ဝင်း နဲ့ ၁၀၁ မှ စစ်သင်တန်းဆရာအပါအဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့စီးလာတဲ့ ကားမှာ တိမ်းမှောက်သွားတာကြောင့် တပ်မ ၁၀၁ မှ ကရိန်းကားနဲ့ လာရောက်သယ်ဆောင် သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းရောက်လာတဲ့အတွက် ပြန့်ကျဲနေတဲ့ လက်နက် /ခဲယမ်းတွေကို သိမ်းယူနိုင်ခြင်းမရှိဘဲ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့လာတဲ့ အင်အား ၂၀၀ နီးပါးပါ စစ်ကောင်စီယာဉ်တန်းစစ်ကြောင်းနဲ့ မြိုင် -ပခုက္ကူ လမ်းပိုင်းတနေရာမှာ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် ထိတွေ့မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မနေ့က ပခုက္ကူတပ် ၁၀၁ က ထွက်လာတဲ့စစ်ကြောင်းနဲ့ လမ်းတနေရာမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး **တွေအထိနာ သွားတာပေါ့။” လို့ မြိုင်မြို့နယ်ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့ဝင်တဦးက ပြောကြားထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာလည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုတွေကို ပကဖအမှတ် ၁ တပ်ရင်း ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ ကမ္မတပ် ပေါင်းစု ၊ ပခုက္ကူခရိုင်အမှတ် (၂ ၊ ၆ ၊ ၇ )တပ်ရင်း၊ PPDF ၊ PLC တပ်ဖွဲ့ ၊ 8+ တပ်ဖွဲ့ ၊ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူ-မြိုင်လမ်းတလျှောက်ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူအများအပြား စစ်ရှောင်နေရတယ်လို့ မြို့နယ်ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့ဝင်တဦးက ပြောကြားထားပါတယ်။
ပခုက္ကူ-မြိုင်လမ်းတကြောမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲသွား လာနေထိုင်ကြဖို့ကိုလည်း မြိုင်မြို့နယ် ပကဖက ထုတ်ပြန်ချက်မှာ သတိပေးနှိုးဆော်ထားပါတယ်။
“လမ်းဘေးရွာက ပြည်သူတွေကို ဓားစာခံအနေနဲ့ ဖမ်းပြီး လူသားဒိုင်းလုပ်ဖို့ မိုင်းတွေဘာတွေရှင်းခိုင်းအောင် ခေါ်သွားတာတွေလည်းရှိတယ်။” လို့ မြို့နယ်ကာကွယ်ရေး တပ်ပေါင်းစု အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူအရေအတွက်အတိအကျကို မြို့နယ်ပအဖအနေနဲ့ စစ်တမ်းကောက်ယူနေဆဲ အနေအထားဖြစ်တာကြောင့် အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
သတင်း - ဟယ်သာ၊ စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ပခုက္ကူ #မြိုင်မြို့ #ပကဖ #တိုက်ပွဲ
Share Share Share