ပခုက္ကူပကဖ တပ်ခွဲ ၂ မှ တပ်ဖွဲ့ ၈ ဖွဲ့ရဲ့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ခွဲ ၂ ကတပ်ဖွဲ့ပေါင်း ၈ ဖွဲ့ရဲ့ ရဲဘော် ၃၅ ဦးကို တလနီးပါး မွမ်းမံသင်တန်းပေးခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက မွမ်းမံသင်တန်းဖွင့်ကာ စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၁ လနီးပါးအကြာ ဇန်နဝါရီ ၁၃ ရက်မှာ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်၍ စစ်လက်နက်ပစ္စည်းတွေလည်း ပေးခဲ့တယ်လို့ Young Force - UG ရဲဘော် ဝိုင်ပီက ပြောပါတယ်။

သင်တန်းဆင်းပွဲကို မကွေးတိုင်း စိုးမိုးနယ်တခုမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းမှာ အခြေခံစစ်သင်တန်းတက်ရောက်ပြီးသား ရဲဘော်တွေကို တဆင့်မြှင့်အနေနဲ့ ပို့ချတာဖြစ်ပြီး ရဲမေတွေ ပါဝင်တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

သင်တန်းဆင်းရဲဘော်တွေကို လက်နက်အားလုံးတပ်ဆင်ပေးတာမျိုး မဟုတ်ဘဲ မြေပြင်အခြေအနေအရ ပိုမိုလိုအပ်တဲ့ ဒေသကို ပို့တပ်ဆင်ပေးလိုက်တာ မျိုး ဖြစ်တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Young Force - UG ၊ THU RAIN TR၊ ရွှေညာမြေ၊ Black Cobra၊ PKU Underground Force၊ PKU Ranger နဲ့ Black Cheetar အဖွဲ့တွေက ရဲဘော် တွေကို မွမ်းမံသင်တန်းပေးခဲ့တာဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ပကဖ #တပ်ရင်း #တပ်ခွဲ #ရဲဘော် #မဟာမိတ်တပ်ဖွဲ့ #စစ်သင်တန်း #လက်နက်ခဲယမ်း #ရုပ်သံသတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10