ပခုက္ကူမြို့နယ် ဖလံအိုရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့

ပခုက္ကူမြို့နယ် ဖလံအိုရွာကို စစ်အုပ်စုက ဒုတိယအကြိမ် မီးရှို့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာကို စစ်သားနဲ့ပျူစောထီးတွေက သြဂုတ် ၂ ရက် ဒီမနက် ၁၀ နာရီကျော်မှာ ဒုတိယအကြိမ် မီးဝင်ရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်သားနဲ့ပျူစောထီး အင်အား ၇၀ ကျော်လောက်က တိုက်ပွဲဖြစ်တာမရှိဘဲ ဖလံအိုကျေးရွာကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတာလို့ ဆိုပါတယ်။

"အခုအချိန်ထိ မီးကမငြိမ်းသေးပါ။ ဒေသခံတွေ အထိအခိုက်ရှိ၊ မရှိလည်း မသိရသေးဘူး။ အိမ် ဘယ်လောက် မီးလောင်သွားလဲ မသိရသေးဘူး။ အဲ့ကောင်တွေ(စစ်ကောင်စီ)က ရွာထဲကနေ မထွက်ကြသေးဘူး"လို့ ပခုက္ကူမြို့ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဇီးကုန်း၊ ရှင်မကန်၊ မကျည်းကန် စတဲ့ ကျေးရွာက ပျူစောထီးတွေနဲ့ ပခုက္ကူမြို့အခြေစိုက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် - တမခ ၁၀၁ က တပ်သားတွေ ပူးပေါင်းပြီး ခုလိုမီးရှို့နေကြတာလို့  အထက်ပါအမျိုးသမီးက ပြောပါတယ်။

ဒါကြောင့် ရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ စစ်သားနဲ့ပျူတွေက ရွာထဲမှာရှိနေတာကြောင့် ပျက်စီးဆုံးရှုံးမှု အိမ်ခြေအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

ပခုက္ကူမြို့နဲ့ ၁ မိုင်အကွာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ဖလံအိုကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်သားနဲ့ပျူတွေက ပထမအကြိမ်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ရပါသေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#မကွေး #ပခုက္ကူ #ဖလံအို #စစ်ကောင်စီ #ပျူ #မီးရှို့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10