သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်အဖွဲ့ဆီက သိရပါတယ်။
ဩဂုတ် ၃၀ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်မှာ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်သား ၁ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခြောက်လုံးပြူးသေနတ်နဲ့ အနီးကပ်ပစ်ခဲ့ရာ နားထင် ၂ ချက်၊ လည်ပင်း ၁ ချက် ထိမှန်ပြီး သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
“ပခုက္ကူမြို့မရဲစခန်းနဲ့ မီတာ ၁၀၀ အကွာမှာရှိတာ၊ ** ၁ ကောင်လဲကျသေပြီး အဲဒီအနားမှာရှိတဲ့ မော်တော်ပီ ကယ် ၃ ကောင်ကတော့ မြန်မာ့စီးပွားရေးဘဏ်ထဲ ထွက်ပြေးသွားကြတယ်။” လို့ သူက ဆိုပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဟာ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၃ တပ်က စစ်သားဖြစ်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် MA 3 ၁ လက် ၊ ကျည်ဘောက် ၁ ခုနဲ့ 5.56 ကျည် ၂၄ တောင့်ရရှိပြီး ရဲဘော်တွေ လုံခြုံစွာပြန်လာနိုင်ပေမယ့် ဆိုင်ကယ် ၁ စီးဆုံးရှူံးခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်က အစောင့်စစ်သားတွေ ပစ်ခံရပြီးနောက် မြို့ပေါ်ကနေရာတွေကို စစ်ကောင်စီက ပိတ်ဆို့ပြီး စစ်ဆေးနေတာတွေလုပ်နေတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်နဲ့ DLP အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ပခုက္ကူမြို့ #မြန်မာ့စီးပွားရေးဘဏ် #စစ်ကောင်စီ
Share Share Share