သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် ၈ ရပ်ကွက် မိန်းလမ်းရှိ အင်းဝဘဏ်ရှေ့ ဒရုန်းဗုံးကျလို့ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီခန့်မှာ အင်းဝဘဏ်ရှေ့ကို ဒရုန်းနဲ့ ဗုံးတလုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘဏ်ရှေ့မှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့ဘက်က လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
"ဘဏ်ရှေ့မှာက စကစ တပ်သားတွေက လုံခြုံရေးစောင့်တာရှိတယ်။ ဗုံးက ဂိတ်ထဲမကျဘဲ လမ်းပေါ်ကျတာလို့ သိရတယ်။ ဒေသခံတွေ ထိခိုက်တာရှိတယ်။ ဗုံးကျလို့ ထိခိုက်တာလား။ စကစအဖွဲ့က ပစ်လို့ထိတာလားတော့ မသိရဘူး။ "လို့ ဒေသခံတဦးက ပြောပါတယ်။

ဒရုန်းဗုံးကျပြီး စကစအဖွဲ့ဘက်က လက်နက်ငယ်ပစ်ပြီးနောက် စစ်ကောင်စီဘက်က လမ်းပိတ်ချလိုက်တာကြောင့် ဒေသခံတွေဖြတ်သန်းသွားလာခွင့်မရတော့ဘူးလို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်အတွင်းမှာ ဒဏ်ရာရသူတွေဟာ ပခုက္ကူမြို့မှာ နေထိုင်သူတွေဖြစ်တဲ့ ဦးမြင့်လွင် ၃၇ နှစ်၊ ဦးသိန်းဝင်း ၄၀ နှစ်နဲ့ ဦးကြည်လင် ၅၉ နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက ပခုက္ကူဆေးရုံကိုပို့ဆောင်ပေးထားရပြီး အဲဒီဒရုန်းဗုံးတိုက်ခိုက်တာကိုတော့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

နိုဝင်ဘာ ၄ ရက်ကလည်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် သတင်းပေးဒလန် ၁ ဦး၊ ပျူစောထီး ၃ ဦးရှင်းလင်းနိုင်ပြီး သေနတ် ၁ လက်၊ ကျည် ၃ တောင့် သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပခုက္ကူမြို့ #အင်းဝဘဏ် #ဒရုန်းဗုံး #အမျိုးသား #စစ်ကောင်စီ #ပခုက္ကူဆေးရုံ #သတင်း #မြေလတ်သတင်း
Share Share Share