ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ NUG အလံလွှင့်ထူပြီး ခလရ ၂၅၂ တပ်အပေါက်ဝမှာ စစ်အာဏာရှင်အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲ

ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ NUG အလံလွှင့်ထူပြီး ခလရ ၂၅၂ တပ်အပေါက်ဝမှာ စစ်အာဏာရှင်အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် Burma Revolution Rangers ရဲဘော်တွေက ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလံလွှင့်ထူခဲ့ပြီး ခလရ ၂၅၂ တပ်အပေါက်ဝရဲ့ရှေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း စာတန်းပါဗီနိုင်းကို ချိတ်ဆွဲခဲ့တယ်လို့ အဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီနဲ့ ၇ နာရီအကြားမှာ Burma Revolution Rangers အဖွဲ့က အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

“တပ်မ ၂၅၂ နဲ့ ဆိုရင် ၁ မိုင်တောင် မကွာပါဘူး။ ပခုက္ကူမြို့အဝင်ဆိုင်းဘုတ်မှာ NUG အလံလွှင့်ထူခဲ့တာ” လို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။ 

ပခုက္ကူမြို့တွင် မစ်ရှင်တွေ ဒီထက်ပိုပြီးလုပ်ဆောင်နိုင်တာမျိုးကို ပြသချင်တာကြောင့် အခုလို ချိတ်ဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

“အဲဒီဗီနိုင်းကတော့ ကျနော်တို့ချိတ်ဆွဲပြီး မိနစ်အနည်းငယ်အတွင်းမှာ ချက်ချင်းလာရောက်ဖြုတ်ယူသွားတာ” လို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #BurmaRevolutionRangers #ရဲဘော် #အမျိုးသားညီညွတ်ရေးအစိုးရ #NUG #အလံ #စစ်အာဏာရှင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10