ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် ပျူခေါင်းဆောင် ဦးမြင့်သိန်း ပစ်သတ်ခံရ

ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် ပျူခေါင်းဆောင် ဦးမြင့်သိန်း ပစ်သတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်၊ မြသီတာလမ်းနဲ့ ၅ လမ်းထောင့်မှာ ပျူစောထီးခေါင်းဆောင်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ people Defense Force Column 1 အဖွဲ့ထံက သိရပါတယ်။

ဇူလိုင် ၂၆ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ အသက် ၅၀ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ဦးမြင့်သိန်းကို သူပိုင်ဆိုင်တဲ့ တမာရိပ်စားသောက်ဆိုင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့က အခြားမစ်ရှင်တခုနဲ့ သွားရမှာ သူ့ကိုဆိုင်ထဲမှာတွေ့လို့ ရှင်းလိုက်တာပါ။ သူကလည်း သူ့ကိုရှင်းလင်းချိန်မှာ ပြန်လည်ခုခံတာတွေ လုပ်တာရှိတယ်။ ၄ ချက်ပစ်ခတ်ခဲ့တာပါ" လို့ people Defense Force Column 1 တာဝန်ရှိသူက ပြောပါတယ်။

ဦးမြင့်သိန်းဟာ ရပ်ကွက်ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ပေါင်းပြီး တော်လှန်ရေးအဖွဲ့နဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီဖမ်းဆီးနိုင်ဖို့ သတင်းပေးတာတွေ လုပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

ဦးမြင့်သိန်းကို ပျူစောထီးခေါင်းဆောင်ဆက်မလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေက မကြာခဏသတိပေးပေမယ့် ဆက်လုပ်နေတာကြောင့် သူကိုရှင်းလင်းချင်တဲ့အဖွဲ့တွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးမြင့်သိန်းဟာ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့ပေါင်တွေမှာ သေနတ်ဒဏ်ရာရပြီး နေရာမှာဘဲ သေဆုံးသွားပါတယ်။

ဇန်နဝါရီလ ၁၄ ရက်ကလည်း ပခုက္ကူမြို့နယ်၊ မကျည်းကိုင်းပင်ရွာက Non-CDM သားဖွားသူနာပြုဆရာမ ဒေါ်ခင်သူ ၄၀ နှစ် ခန့်ဟာ နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #အမှတ်၃ရပ်ကွက် #ပျူစောထီး #ဒလန် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10