ပခုက္ကူမှာ စစ်ကား ၃ စီးနဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲခံရလို့  ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ ကနေထွက်လာတဲ့ စစ်ကား ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်သား အင်အား ၁၅၀ကို မိုင်းဆွဲတာအပြင် ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက် မနက် ၉ နာရီနဲ့ နေ့လယ် ၁ နာရီအကြားမှာ ပခုက္ကူမြို့ တပ်မ ၁၀၁ က ကား ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ပခုက္ကူမြို့၊ ကန်တော်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ခိုက်ရာမှာ ဒရုန်း ၇ စီးနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကျော်ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရသွားတာကြောင့် ပခုက္ကူဘက်ကနေ ကား ၁ စီးနဲ့ပြန်လာခေါ်သွားတယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ The Red Revolters၊ Black Cobra၊ PKU Thurain၊ Young Force (UG)၊ Pakokku People Defence Force (PPDF) နှင့် ဓါးမင်းကြီး (DMG) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း မြိုင်မြို့နယ် ကိုးဆောင်ဘုန်းကြီးကျောင်းအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်သား ၂ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #တပ်မ ၁၀၁ #စစ်ကား၃စီး #တိုက်ခိုက်ခံရ #မိုင်းဆွဲ #ဗုံးကြဲ #ထိခိုက် #စစ်သား #ပျူစောထီး #PDF #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10