ပခုက္ကူမှာ မိသားစုကိုလာခေါ်တဲ့ တပ်ကြပ်တဦးကို Royal Defence Force အဖွဲ့က ဖမ်းဆီး

ပခုက္ကူမှာ မိသားစုကိုလာခေါ်တဲ့ တပ်ကြပ်တဦးကို Royal Defence Force အဖွဲ့က ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာရှိမိသားစုကိုလာခေါ်တဲ့ တပ်ကြပ်တဦးကို စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီက အင်ပင်ရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ Royal Defence Force အဖွဲ့ဆီက သိရပါတယ်။

အဲဒီ တပ်ကြပ် ခင်မောင်လွင်ဟာ ရှမ်းပြည် ခိုလန်မှာတာဝန်ကျပြီး နေပြည်တော်ကနေ ခွင့်နဲ့ အင်ပင်ရွာက သူ့မိသားစုကို လာခေါ်တဲ့အချိန် အင်ပင်ရွာအနီးမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

“သတင်းကြိုရလို့ ကျနော်တို့တပ်ဖွဲ့က စောင့်ဖမ်းတာ။ ရှမ်းပြည် ခိုလန်မှာတာဝန်ကျနေတာ။ ခုလောလောဆယ် နေပြည်တော်ကနေ ခွင့်နဲ့မိသားစုလာခေါ်တာ။” လို့ Royal Defence Force တာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ တပ်ကြပ် ခင်မောင်လွင်ကိုတော့ လက်ရှိအချိန်အထိ စစ်ဆေးမေးမြန်းနေသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို Royal Defence Force အဖွဲ့က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #အင်ပင်ရွာ #တပ်ကြပ် #RoyalDefenceForce

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10