ပခုက္ကူမှာ လက်နက်ကြီးထိလို့ အမျိုးသမီးတဦးသေဆုံး

ပခုက္ကူမှာ လက်နက်ကြီးထိလို့ အမျိုးသမီးတဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အိုင်ကြီးကျေးရွာအနီးကို စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီး ကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူမှာ ဒေါ်ခိုင်မာချို ၃၈ နှစ်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ဒီညနေ ၄ နာရီလောက်က အိုင်ကြီးကျေးရွာ ဆိုင်းဘုတ်အနီးရှိ သူရဲ့ယာခင်းထဲမှာ တယောက်တည်း ပေါင်းသင်မြက်ရှင်းနေချိန် လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

"သူသေဆုံးနေတာကို ရွာသားတွေကမြင်မှ အလောင်းကိုအိမ်ကို ယူလာခဲ့တာ" လို့ အိုင်ကြီးကျေးရွာခံ အမျိုးသားတဦးက ပြောပါတယ်။

အိုင်ကြီးကျေးရွာနဲ့  ၂ မိုင်ခန့်အကွာ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေးတပ်ရှိ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်တာမရှိဘဲ ခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၉ ရက်မှာလည်း မြစ်ခြေမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြို့အနီးရှိ သဇင်ကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ပြီး ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကနေ ၂၁ ရက်အထိ စစ်ကောင်စီတပ်တွေကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၃၁ ဦးနဲ့ အမျိုးသား ၅၄ ဦး စုစုပေါင်း ၈၅ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲက ၃၈ ဦးမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့သူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #ဒေသခံ #အမျိုးသမီးတဦးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10