ပခုက္ကူမှာ အမျိုးသားတဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးလို့ သေဆုံး

ပခုက္ကူမှာ အမျိုးသားတဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၂၇ ရက် မနက် ၉ နာရီကျော်မှာ ပစ်ခတ်ဖမ်းဆီခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ပခုက္ကူ PDF မှ ရဲဘော်တဦးက ပြောပါတယ်။

ပစ်ခတ်ခံရသူမှာ ကန်တော်ကျေးရွာက အသက် ၃၀ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ရွာအနောက်ဘက်က တောလမ်းတနေရာမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

"စကစ တွေကတော့ PDF ဆိုပြီး သတင်းထုတ်ထားတယ်ပေါ့။ ကျနော်တို့မြို့နယ်အတွင်းက အဖွဲ့တွေထဲမှာ ဒီလိုကျသွားတဲ့ ရဲဘော်မရှိဘူးဗျ။ သူက ကန်တော်ရွာသားလို့ သိထားရတယ်ဗျ"လို့ ပခုက္ကူ PDF မှ ရဲဘော်တဦးက ပြောပါတယ်။

အလောင်းကိုတော့ စစ်အုပ်စုက ပစ်ခတ်တဲ့နေရာမှာပဲ ထားခဲ့ပြီး ဒေသခံအချို့က ၂၇ ရက်ညနေပိုင်းမှာပဲ သင်္ဂြိုဟ်ပေးလိုက်ရတာတယ်လို့ သိရပါတယ်။ 

သေဆုံးသူအမျိုးသားရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သေဆုံးခဲ့သူမှာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တာကြောင့် အသေပစ်ခတ်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့လွယ်အိတ်အတွင်းက လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၁၅ တောင့်၊ လက်လုပ်မိုင်း ၂ လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ခုလိုဖော်ပြတာဟာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးပြီး သေဆုံးခဲ့ရင် PDF အဖွဲ့ဝင်ဆိုပြီး အမည်တပ်လို့ရအောင် ၎င်းတို့တပ်ဖွဲ့ဆီက သေနတ်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို အလောင်းဘေးနားချကာ မှတ်တမ်းဓာတ်ပုံရိုက်၊ ဝါဒဖြန့်လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့  အထက်ပါရဲဘော်က သုံးသပ်ပါတယ်။

 

 စာတည်း - လင်း

 

#မြေလတ်အသံ 

#မကွေး #ပခုက္ကူ #ကန်တော်ရွာ #စစ်ကောင်စီ #ပစ်ခတ်ဖမ်းဆီး #အမျိုးသား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10