ပခုက္ကူရှိ ခလရ ၂၅၂ တပ်ကို PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

ပခုက္ကူရှိ ခလရ ၂၅၂ တပ်ကို PDF တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ဝန်းထဲကို တာဝေးပစ် ရှော့တိုက်ဒုံး ၂ လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ တပ်တွင်းအဆောက်အဦတခုကို ထိမှန်ပြီး သေဆုံးမှုတွေရှိတယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ဝန်းထဲကို နိုဝင်ဘာ ၃၀ ရက် မနက် ၈ နာရီဝန်းကျင်မှာ ၂ မိုင်အကွာအဝေးကနေ တာဝေးပစ်ရှော့တိုက်ဒုံး ၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

“ခလရ ၂၅၂ တပ်ဝန်းထဲက လက်နက်ဂိုထောင်ပေါ်ကျပြီး ပေါက်ကွဲခဲ့တာ၊ အထိအခိုက်ကတော့ တပ်တွင်း သတင်းအရ သိရတာပါ။ သေဆုံးတာကတော့ ၄ ဦးထက်မနည်းသေတယ်လို့ သိရတယ်” လို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

အခုလိုပစ်ခတ်ခံရပြီးနောက်တွင် တပ်မ ၁၀၁ ရဲ့ အနောက်ဘက်၊ လက်ပကန်ကျေးရွာက ပြည်သူတွေကို စစ်တပ်က ညတွင်းချင်းရှောင်ခိုင်းပြီး စစ်မှုထမ်းဟောင်း ၄ ဦးကိုလည်း ပခုက္ကူမြို့ပေါ်ခေါ်ဆောင်သွားသလို လက်ပကန်ကျေးရွာထဲမှာလည်း စစ်ကောင်စီက စစ်သားအင်အား ၃၀ လောက်နဲ့ ကင်းပုန်းဝပ်နေကြတယ်လို့ သိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Burma Revolution  Rangers ၊ Royal Defence Force မြိုင်၊ စနေမင်း ပြောက်ကျားတပ်ဖွဲ့ မြိုင်မြို့နယ်နဲ့ Chauk Guerrilla Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း ၃ နာရီလောက်ကလည်း ချောက်မြို့ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ချောက်မြို့တော်ဝန်စည်ပင်ဥက္ကဌကို Burma Revolution  Rangers အဖွဲ့က ကင်မွန်းခြုံရပ်ကွက်ထိပ် သန့်သန့်နဲ့ ရွှေမြို့သူအကြားမှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့ #ခလရ၂၅၂ #တာဝေးပစ် #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10