ပခုက္ကူလေဆိပ်ကနေ မျောက်လူးကန်ရွာကို လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မျောက်လူးကန်ကျေးရွာကို ပုခုက္ကူလေယာဥ်ကွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီလောက်က ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာတွေရခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်တလုံးပေါ်လက်နက်ကြီးကျခဲ့ပြီး ခေါင်းမိုးပေါက်ထွက်ပျက်စီးကာ တခြားနေအိမ် ၄ လုံးလည်း မှန်ကွဲ၊ ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုမတိုင်ခင် မနက်ပိုင်းက မျောက်လူးကန်ကျေးရွာရဲ့ တောင်ဘက် ၂ မိုင်အကွာက ဘုန်းကံကျေးရွာထဲမှာရှိတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးချခဲ့ပြီးနောက် ညနေပိုင်းမှာ မျောက်လူးကန်ကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ လေဆိပ်ထဲကစစ်တပ်က အခုလိုပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်က လက်နက်ကြီးတွေနဲ့ နာရီဝက်အကြာပစ်ခတ်ခဲ့ပြီး ညနေ ၆ နာရီမှာ ရပ်သွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူခရိုင် #လေဆိပ် #လက်နက်ကြီးပစ်ခတ်မှု #ဒေသခံ #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #ဒရုန်းတိုက်ခိုက်မှု #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10