ပခုက္ကူ-ပေါက် လမ်းမှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်း မိုင်းဆွဲခံရ(ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူ-ပေါက် ကားလမ်းမှာ စစ်ကောင်စီ ထောက်ပို့ကား ၆စီးပါ ယာဥ်တန်း မိုင်းဆွဲခံရလို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ရက် မနက်ပိုင်းက ဖောကား အပါအဝင် ၆ဘီးကားတွေနဲ့ ထောက်ပို့ပစ္စည်းတွေတင်လာတဲ့ ကား ၆စီးကို ပဒေသာမိုင်း ၂ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမယ့် မိုင်း ၅လုံးပါတဲ့ ပဒေသာမိုင်း ၁ပွိုင့်ပဲ ပေါက်ကွဲခဲ့တယ်လို့ PPDF တာဝန်ခံက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု အခြေအနေ မသိရပေမယ့် ကားထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ပြန်ပြင်ရတာမျိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ရက် ညနေ ၆နာရီလောက်ကလည်း ပခုက္ကူကနေ ရေပြာကို သွားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂ဘီး ကား ၂စီးကို မိုင်း ၁၀လုံးတွဲ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်သား ၂ဦးသေဆုံးခဲ့ပါတယ်။

ပခုက္ကူ-ပေါက် ကားလမ်းဟာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်းတွေ အများဆုံးသွားတဲ့ လမ်းပိုင်းတခုဖြစ်ပြီး ချင်းပြည်နယ်အထိ လမ်းပေါက်တာကြောင့် အရေးပါတဲ့ လမ်းပိုင်းတခုဖြစ်ပါတယ်။

အဲ့ဒီ လမ်းပိုင်းမှာ စစ်ကောင်စီကားတွေကို ပခုက္ကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF က အနည်းဆုံး ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ထားပြီး မေလ ၁၂ရက်က မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်သား ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

 

သတင်း၊ တည်းဖြတ်- ဇို

#မြေလတ်အသံ

#ပခုက္ကူပေါက်ကားလမ်း #စစ်ကောင်စီယာဥ်တန်း #မိုင်းဆွဲ #PPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10