ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ ကို ၁ အိမ်ထောင် ၁ သောင်းကျပ်နှုန်း ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်တောင်ဘက်ခြမ်းက စစ်ဘေးရှောင် အိမ်ထောင်စု ၁၂၀ ကို အောက်တိုဘာ ၂၂ ရက်မှာ တ၁ အိမ်ထောင်ကို ငွေ ၁ သောင်းကျပ်နှုန်း ထောက်ပံ့ပေးခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။

ပြည်တွင်းပြည်ပက လှူဒါန်းတဲ့ငွေတွေကို စုပေါင်းပြီး စစ်ဘေးရှောင် လူဦးရေ ၄၀၀ ဝန်းကျင်၊ အိမ်ထောင်စု ၁၂၀ အတွက် စုစုပေါင်း ၁၂ သိန်း ထောက်ပံ့ခဲ့တယ်လို့  ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

ပင်လည်ဘူးမြို့နယ် တောင်ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ အဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှုကို တကြိမ်တခါမှ မရဘူးသေးတဲ့ စစ်ရှောင်တွေ အများစု ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ပင်လည်ဘူး၊ ဝန်သို စစ်မြေပြင်လမ်းကြောင်းမှာ ရှိတဲ့ ရွာတွေက ဖြစ်ကြပြီး စစ်ဘေးရှောင်နေကြတာ ၁ နှစ်နီးပါးကြာပြီလို့ ပြောပါတယ်။

လက်ရှိ အဲဒီစစ်ဘေးရှောင် ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အများစုက ရရာအလုပ်တွေ လုပ်နေကြရပြီး တချို့က လယ်တွေရှိပေမယ့် သူတို့လယ်တွေ ပစ်ထားခဲ့ကာ စစ်ရှောင်ထဲမှာ လာနေတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကောလင်းခရိုင် #ပင်လည်ဘူး #စစ်ရှောင် #အကူအညီလိုအပ်နေ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10