ပင်လည်ဘူးမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိ

ပင်လည်ဘူးမြို့ကို KIA/PDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို မနေ့က နို၀င်ဘာ ၇ ရက်တွင် KIA/PDF ပူးပေါင်းအဖွဲ့ တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ချပ်သင်း၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဇီးကုန်း၊ ကျွန်းလှစတဲ့ မြို့တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကောလင်းမြို့နဲ့ တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ရွှေဘို-ဖောင်းပြင်-ဟုမ္မလင်း ကားလမ်းပေါ်မှာရှိပြီး ကောလင်းနဲ့ နယ်မြေထိစပ်နေတဲ့ ပင်လည်ဘူးမြို့ကို မနေ့က KIA နဲ့ PDF အဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

"မြို့နေပြည်သူတွေက မြို့တွင်းမှာ မနေကြတာ ကြာပြီပြောရမယ်။ စကစက တောက်လျှောက်ဖျက်ဆီး မီးရှို့ဖမ်းဆီးနေတော့ မနေကြတော့တာ။ ပင်လည်ဘူးမြို့ကို ထိန်းချုပ်လိုက်နိုင်ပါပြီ" လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

လက်ရှိတွင် မြို့ခံပြည်သူတွေက မြို့ကိုစွန့်ခွာသွားကြကာ စစ်ဘေးရှောင်နေကြတယ်လို့ သိရပြီး ယာဉ်အ၀င်အထွက် မရှိ၊ ဈေးတွေပိတ်ထားတယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းရရှိမှုအခြေအနေကို အသေးစိတ် မသိရှိရသေးဘဲ PDF ပူးပေါင်းအဖွဲ့တွေ အနေနဲ့ မြို့တွင်းသို့၀င်ရောက် ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းခရိုင် #ပင်လည်ဘူးမြို့ #KIA #PDF #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10