ပစ်သတ်ခံရတဲ့ ပျူစောထီး အလောင်းလာကောက်တဲ့ စစ်အုပ်စု မိုင်းထပ်ခွဲခံရလို့ ၃ ဦးသေ

ပစ်သတ်ခံရတဲ့ ပျူစောထီး အလောင်းလာကောက်တဲ့ စစ်အုပ်စု မိုင်းထပ်ခွဲခံရလို့ ၃ ဦးသေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဇရက်အိုင်ရွာက ပျူစောထီး ၁ ဦးကို ဇန်နဝါရီလ ၃၁ ရက် မနေ့က နေ့လည် ၁ နာရီဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ထံက သိရပါတယ် ။

ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် အဲ့ဒီပျူစောထီးရဲ့ ရုပ်အလောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထောင်ထားတဲ့မိုင်းကွင်းဆီကို သယ်ဆောင်သွားပြီး အလောင်းလာကောက်မယ့် စစ်အုပ်စုကိုပါ ထပ်မံမိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

မိုင်းကွင်းတည့်တည့်ကို အလောင်းလာကောက်တဲ့ စစ်အုပ်စုကို ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ၃ ဦးသေဆုံးတာကို မျက်မြင်တွေ့ရှိတယ်လို့ ပြောပါတယ်။

''ပျူစောထီးကျော်ဌေးကို ရွာထဲကို ဝင်ရှင်းပြီးတော့ သူ့ body(အလောင်း)ကို လာကောက်မယ်ဆိုတာသိလို့ ရွာပြင်က မိုင်းကွင်းကို သယ်လာပြီး ချထားတာ။ စကစ ကောင်တွေက ကား ၂ စီးနဲ့ လာကောက်တယ်။ အဲ့ဒီမိုင်းကွင်းတည့်တည့် ကားထိုးပြီးဆင်းတဲ့အချိန် ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၇ လုံးနဲ့ တိုက်ခိုက်တာ ၃ ယောက် သေတယ်။ ဒီကောင်တွေ အချင်းချင်း အော်ဟစ်ပြီး ပြောနေတာတွေ ကြားနေရတာ။ ပျူစောထီးအလောင်းတောင် မကောက်နိုင်ဘူး။ သူတို့အလောင်း သူတို့ပြန်သယ်သွားရတယ်'' လို့ အဖွဲ့ခေါင်း ဆောင် ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အဲ့ဒီမိုင်းကွင်းနေရာကို စစ်ကောင်စီတပ်က ကား ၄ စီးနဲ့ ထပ်မံရောက်ရှိလာပြီး နေရာအနီးတဝိုက်ကို လက်နက်ကြီးတွေနဲ့ အချက်ရေအများအပြား ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အဲ့ဒီလိုပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က စစ်ကြောင်း ၂ ခုခွဲပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့လို့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10