ပဇီကြီးရွာ ဒေသခံတွေအတွက် တအိမ်ထောင်ကို ငွေကျပ် တသိန်းစီ ထောက်ပံ့

ပဇီကြီးရွာ ဒေသခံတွေအတွက် တအိမ်ထောင်ကို ငွေကျပ် တသိန်းစီ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာက ဒေသခံတွေအတွက် တအိမ်ထောင်ကို ငွေကျပ် တသိန်းစီ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပအလှူရှင်တွေက ပေးပို့လှူဒါန်းထားတဲ့ အလှူငွေထဲကနေ တအိမ်ထောင်လျှင် တသိန်းကျပ်နှုန်းနဲ့ ပြီးခဲ့တဲ့ဧပြီလ ၁၆ ရက်မှာ မြေပြင်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင် တာဝန်ရှိသူကပြောပါတယ်။

"ကျနော်တို့က အလှူခံတာတော့ မဟုတ်ဘူး။ ပေချ့်ကို အလှူရှင်တွေကနေပြီး ပဇီကြီးဒေသခံတွေအတွက် လာလှူကြလို့ ကျနော်တို့က စနစ်တကျ မှတ်တမ်းပြုစုပြီး တဆင့်ပြန်လှူပေးတာဖြစ်ပါတယ်။ ငွေစာရင်းအတိအကျတော့ ဧပြီ ၂၀ ရက်နေ့မှ ထုတ်ပြန်ပေးလို့ ရမှာပါ။ တခြားဆေးဝါးတွေ လှူဒါန်းထားဝာာတွေပါ ထပ်မံထုတ်ပြန် ပေးသွားပါ့မယ်ဗျ။ ဒီနေ့ (ဧပြီ ၁၈ ရက်) မှာ ထုတ်ပြန်ရတယ် ဆိုတာကလည်း လုံခြုံရေးအရ မို့ပါ" လို့ ပြောပါတယ်။

ပဇီကြီးကျေးရွာမှာ ခန့်မှန်းအိမ်ခြေ ၂၀၀ လောက်ရှိပြီး လက်ရှိမှာတော့ အိမ်ထောင်စု ၁၂၆ စုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး၊ နောက်ထပ်အလှူငွေတွေ ထပ်ရလာပါက ကျန်ရှိအိမ်ထောင်စုတွေကို ထပ်မံလှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဘက်ကလည်း အစိုးရအဆင့်သတ်မှတ်ပြီး ပဇီကြီးရွာဒေသခံတွေအတွက် အရေးပေါ်ထောက်ပံ့မှုတွေပေးဖို့ စီစဉ်ညွှန်ကြားပြီး လုပ်ပေးမှုတွေ ရှိနေတယ်လို့လည်း သိရကြောင်း အထက်ပါတာဝန်ခံက ပြောပါတယ်

လက်ရှိအချိန်မှာ ရွာကနေ ထွက်ပြေးတိမ်းရှောင်ပြီး တောတွင်းဒေသတွေမှာ နေနေရတဲ့ ပဇီကြီးဒေသခံတွေအတွက် အမိုးအကာ၊ ဆေးဝါး၊ စားသောက်ကုန် ရိက္ခာတွေအပါအဝင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ပုံစာ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10