ပအဖ ရုံးဖွင့်ပွဲ တိုက်လေယာဥ်နဲ့ လာပစ်လို့ ကလေးငယ်တွေအပါအဝင် ၁၀၀ဝန်းကျင်သေဆုံး (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မလည်တိုက်နယ် ပဇီကြီးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ကလေးသူငယ်တွေအပါအဝင် ဒေသခံပြည်သူ ၁၀၀ ဝန်းကျင်သေဆုံးနိုင်ပြီး ၅၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၁၁ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်မှာ တံတားဦးလေတပ်ဆွယ်က တက်လာတဲ့ ဖိုက်တာ ၁ စီးဟာ ပဇီကြီးရွာ ပအဖရုံးဖွင့်ပွဲကို လေကြောင်းကနေ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပြီး၊ နောက်ထပ်နာရီဝက်အကြာမှာ နမခ ကနေ ထပ်တက်လာတဲ့ Mi-35 တိုက်ခိုက်ယာဥ် ၁ စီးဟာ ပဇီးကြီးရွာပတ်ပတ်လည်ကို ဒုတိယအကြိမ် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။


လေယာဉ် ၂ စီး နဲ့ အလှည့်ကျ ၁၀ မိနစ်ဝန်းကျင်လောက်လာပစ်သွားတာဖြစ်တဲ့အပြင် ထမင်းကျွေးရုံဘက်ကို ဗုံးချသွားတာဖြစ်လို့ သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။

အခုလက်ရှိအချိန်မှာ ပဇီကြီးကျေးရွာထဲမှာ ထိခိုက်သေဆုံးမှုတွေ များနေတဲ့အတွက်ရှင်းလင်းရေး လုပ်ဆောင်ဖို့ ခက်ခဲနေတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10