ပိန်းဇလုပ်-တော်ဝိဘူတာကြားက ရန်ကုန်-မန္တလေးရထားလမ်းနဲ့ တံတားမိုင်းခွဲခံရ

ပိန်းဇလုပ်-တော်ဝိဘူတာကြားက ရန်ကုန်-မန္တလေးရထားလမ်းနဲ့ တံတားမိုင်းခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်နဲ့တော်ဝိဘူတာကြားရှိ ရန်ကုန်-မန္တလေးရထားလမ်းနဲ့ တံတားမိုင်းခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၅ ရက် မနက် ၃ နာရီခန့်မှာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ ရန်ကုန်-မန္တလေး ရထားလမ်းမိုင်တိုင် (၉၉/၈-၇)အနီးက တံတားနဲ့ ရထားလမ်းမှာ မိုင်း ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

" မနက်အစောကြီးဆိုတော့ ပေါက်ကွဲသံကြားပြီး မနက်လောက်မှာမှ ရထားလမ်းနဲ့တံတား မိုင်းခွဲခံရတာလို့ သိရတယ်။ တံတားကတော့ ပျက်စီးမှုနည်းပါတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

မိုင်းဖောက်ခွဲခံရလို့ ရထားသံလမ်းအရှည် ပေ ၈၀ ခန့် ပြတ်တောက်ပြီး ကွန်ကရစ်ဇလီဖား ၁၀ တုံးကျော် ပျက်စီးသွားသလို ၁၀ ပေအရှည်ရှိ ကွန်ကရစ်တံတား ကြမ်းခင်းပျက်စီးမှုတချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းခွဲခံရပြီးနောက် မနက် ၁၁ နာရီကျော်ခန့်မှာ စစ်ကောင်စီအဖွဲ့တွေနဲ့ ရထားဝန်ထမ်းတွေ လာရောက်စစ်ဆေးခဲ့ပြီး ပြင်ဆင်မှုလုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရထားလမ်းနဲ့တံတားမိုင်းခွဲတာကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဩဂုတ် ၁၈ ရက်ကလည်း ကျေက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ မြောက်ဘက်အထွက် သပိတ်ချောင်းတံတားနားမှာ ကုန်တင်ရထားတွဲ မိုင်းခွဲခံရလို့ တွဲဆိုင်း ၄ ဆိုင်းပြုတ်ထွက်ပြီး သံလမ်းပြတ်တောက်တာတွေဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #ညောင်လေးပင် #ပိန်းဇလုပ် #ရန်ကုန်မန္တလေး #ရထားလမ်း #တံတား #မိုင်းခွဲ #ပျက်စီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10