ပုဂံက ဓမ္မရာဇကစေတီတော် မိုးကြိုးရှပ်ထိ

ပုဂံက ဓမ္မရာဇကစေတီတော် မိုးကြိုးရှပ်ထိ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ ဓမ္မရာဇကစေတီတော် စက်တင်ဘာလ ၁၇ ရက် ဒီညနေပိုင်းမှာ မိုးကြိုးရှပ်ထိသွားတယ်လို့ ‌ဒေသခံတဦးဆီက သိရပါတယ်။

“ဓမ္မရာဇကဘုရားကို မိုးကြိုးရှပ်ထိသွားတာ၊ မိုးရွားသွန်းမှုလည်း များတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

မိုးသည်းထန်စွာရွာပြီးနောက် ညနေ ၃ နာရီ ၅၀ မိနစ်လောက်မှာ မိုးကြိုးရှပ်ထိခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

အခုနှစ် ဇွန်လ ၆ ရက်ကလည်း ညောင်ဦးခရိုင်၊ ပုဂံဒေသရှိ ဗူးဘုရားစေတီတော်မှာ မိုးကြိုးစက်ကွင်းမိပြီး ပျက်စီးမှုအနည်းငယ်ရှိခဲ့ပါသေးတယ်။ 

ဒါ့အပြင် မေလ ၁၃ ရက်နဲ့ ၁၄ ရက်မှာလည်း မိုခါမုန်တိုင်းကြောင့် သဗ္ဗညုတဘုရား၊ ဓမ္မရာဇဘုရား၊ ထီးလိုမင်းလိုဘုရားနဲ့ ရွှေဘုံသာဘုရားတို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး အနန္ဒာဘုရားနဲ့ စူဠာမဏိဘုရားမှာ ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#ညောင်ဦး #ပုဂံ #မိုးကြိုးထိ #ဓမ္မရာဇကဘုရား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10