သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဥယျာဉ်ကျေးရွာအနီး ချောက်-ညောင်ဦးလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ကုန်စိမ်း၊ ကုန်ခြောက်တွေလှည့်လည်ရောင်းချသူ အမျိုးသားတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက်နေထိုင်သူ အသက် ၄၆ နှစ်အရွယ် ဦးအောင်မင်းလွင် ဆိုသူဖြစ်ပြီး ဇန်နဝါရီ ၉ ရက် မနေ့မနက် ၁၁ နာရီကျော်မှာ ကြအိုကျေးရွာမှ ဥယျာဥ်ကျေးရွာဘက်ကို ဆိုင်ကယ်မောင်းနှင်လာစဥ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
" စစ်တပ်သတင်းပေးလား သာမန်အရပ်သားပြည်သူတယောက်လားဆိုတာတော့ မသိရသေးဘူး။ ရောင်းတာကတော့ စျေးလည်ရောင်းတဲ့သူလို့ စုံစမ်းသိရှိရတယ်။ အဖွဲ့အစည်းတွေကဘဲ ဒလန်သူလျှိုမို့လို့ရှင်းတာလား၊ ဒါမှမဟုတ် ပျူဒလန်တွေကပဲ ပစ်သတ်သွားတာလားဆိုတာတော့မသိရသေးဘူး"လို့ အခင်းဖြစ်ရပ်အနီးနေထိုင်တဲ့ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်နဲ့အနီးကပ်ပစ်သတ်ခံရလို့ ဦးအောင်မင်းလွင်မှာ ဦးခေါင်းနဲ့ရင်ညွန့်မှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပင်သေဆုံးသွားကာ ပစ်ခတ်ခံရပြီး တနာရီခန့်အကြာမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေကလာရောက်စစ်ဆေးပြီး အလောင်းကို ညောင်ဦးဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက် ညပိုင်းကလည်း ညောင်ဦးမြို့နယ်၊ ကြအိုရွာတောင်ဘက် ညောင်ဦး-ပုဂံသွားလမ်းဘေးက ကုန်မာဆိုင်နေအိမ်မှာ ဓားပြတိုက်ခံရပြီး အိမ်ပိုင်ရှင်နဲ့ ယောက္ခထီး ဖြစ်သူတို့ သေနတ်ပစ်ခံရကာ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #ညောင်ဦး #ပုဂံ #အမျိုးသား #သေနတ် #သေဆုံး
Share Share Share